ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၉ ရက်

ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနတ်ခ်က လတ်ဗီးယားနိုင်ငံ ရီဂါမြို့တော်မှာပြုလုပ်တဲ့ နောဒစ်၊ ဘောလ်တစ်နဲ့ နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့အစည်းအဝေးမှာ ယူကရိန်းသို့ အမြောက်လက်နက်ကြီးတွေ ထောက်ပံ့ မယ့်အစီအစဉ်ကို ကြေညာလိုက်ပါတယ်။

ပူးတွဲပြည်ပစစ်ဆင်ရေးတပ်ဖွဲ့ (JEF) အဖွဲ့ဝင်နိုင်ငံများနဲ့ နောဒစ်နဲ့ဘောလ်တစ်ဒေသမှာ ရုရှားနိုင်ငံရဲ့ ကျူးကျော်တိုက်ခိုက်မှုကို တန်ပြန်မယ့် ကြိုးပမ်းမှုတွေကို ဆွေးနွေးဖို့ ရီရှီဆူနတ်ခ်ဟာ ယနေ့ လတ်ဗီးယားနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ယူကရိန်းနိုင်ငံကို ၂၀၂၂ ခုနှစ်ထက်မနည်းသော စစ်ရေးအကူအညီတွေ ထောက်ပံ့ကြ ဖို့ ခေါင်းဆောင်တွေကို ဆူနတ်ခ်က တောင်းဆိုလိုက်ပါတယ်။

ဒေါ်လာ ၃၀၄ သန်းတန်ကြေးရှိ သဘောတူညီချက်တစ်ရပ်အရ ဗြိတိန်က လာမယ့်နှစ်မှာ ယူကရိန်းသို့ ထောင်နဲ့ချီတဲ့ အမြောက်ကျည်တွေ ပေးပို့မယ်လို့ ဆူနတ်ခ်က ကြေညာလိုက်ပါတယ်။

ဒုံးပစ်စနစ်အမြောက်အများနဲ့ လေယာဉ်ပစ်လက် နက် ၁၂၅ လက်အပါအဝင် ယူကရိန်းသို့ ကာ ကွယ်ရေး အကူအညီပေးအပ်ရာမှာ ဗြိတိန်က ဉီးဆောင်ခဲ့တယ်လို့ ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်တစ်ရပ်က ဖော်ပြပါ တယ်။

“ဗြိတိန်နဲ့ ဉရောပမဟာမိတ်တွေက ယူကရိန်းကျူး ကျော်စစ်ကို လက်တုံ့ပြန်ဖို့ သံန္နိဌာန်ချထားပြီး ဉရော ပတိုက်မှာ ငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းမယ်” လို့ ဆူနတ်ခ်က ထုတ်ပြန်ချက်အတွင်း ပြောပါတယ်။

ဒိန်းမတ်၊ အက်စတိုနီးယား၊ ဖင်လန်၊ အိုက်စလန်၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ နယ်သာလန်၊ နော် ဝေ၊ ဆွီဒင်နဲ့ ဗြိတိန်ခေါင်းဆောင်တွေတက်ရောက်တဲ့ JEF အစည်းအဝေးမှာ ယူကရိန်းသမ္မတ ဇီလန်စကီးလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ကိုးကား – VOA
Ref; UK to Announce Major New Artillery Package for Ukraine