ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၅ ရက်

ဧရာဝတီတိုင်းမှာ နိုဝင်ဘာလအတွင်း ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၁၀ ဦး ရှိတယ်လို့ ဒေသခံပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

နိုဝင်ဘာလဒုတိယပတ်အတွင်း ကိုဗစ်ရောဂါနဲ့သေဆုံးသူ၇ ဦးထိရှိခဲ့ပြီး အများဆုံးကတော့ ပုသိမ်မြို့ကဖြစ်တယ်လို့ ဒေသခံပရဟိတအဖွဲ့တွေက ပြောပါတယ်။

သေတာအများစု ဆေးရုံပေါ်မှာသေတာများတယ် ဆေးရံာတက်ရမယ့်အခြေအနေရောက်မှ ရောက်လာတယ် ပြီးရင် အချိန်မလောက်တော့ သေသွားရတာမျိုးပေါ့ အားလုံးဆို ၁၀ ယောက်ကျော်မယ်”လို့ ပရဟိတအဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဆေးရုံကြီးတွေမှာ ကိုဗစ်ရောဂါနဲ့သေဆုံးခဲ့တဲ့ လူနာတွေကို လူမှုကူညီရေးအဖွဲ့နဲ့ ပရဟိတအဖွဲ့ဝင်တွေက သဂြိုလ်ပေးခဲ့တာ ဖြစ်ပြီး ဘာသာခြားတွေနဲ့ နေအိမ်မှာသေဆုံးခဲ့သူတွေမပါသေးဘူးလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ ၁ လအတွင်း ကိုဗစ်ရောဂါနဲ့ သေဆုံးမှုများတဲ့ မြို့နယ်တွေကတော့ ပုသိမ်မြို့မှာ ၄ ဦးနဲ့ မြောင်းမြမြို့မှာ ၃ ဦးထိရှိခဲ့တယ်လို့ သိရပါတယ်။

#ဧရာဝတီတိုင်း #ကိုဗစ် #သေဆုံး
#Ayeyarwaddy_Times