ဧရာဝတီတိုင်းမ်
(ချင်းပြည်နယ်)၊ ဒီဇင်ဘာလ ၄ ရက်
အိန္ဒိယ-မြန်မာနယ်စပ်၊ မီဇိုးရမ်ပြည်နယ်၊ ဆိုင်းဟားခရိုင်တွင် မြန်မာနိုင်ငံသား ၄ ဦးကိုဒီဇင်ဘာလ ၃ ရက် မနက်စောပိုင်းက လက်နက်ခဲယမ်းများနှင့်အတူ ဖမ်း ဆီးရမိခဲ့ကြောင်း အာသံရိုင်ဖယ်တပ်က ယနေ့တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ မြန်မာနိုင်ငံသား ချင်းလူမျိုး ၄ ဦးသည် မီဇိုးရမ်ပြည်နယ်၊ ဆိုင်းဟားခရိုင်၊ တွံပန်ဂိတ်ကို ယမန်နေ့ မနက် ၂ နာရီခန့်ကဖြတ်သန်းချိန် ဖမ်းဆီးခံရခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
စစ်သုံးပစ္စည်းတွေ သယ်ဆောင်တဲ့ မြန်မာနိုင်ငံသား ၄ ဦးကို ဆိုင်းဟားခရိုင်၊ တွံပန်ဂိတ်မှာ အာသံရိုင်ဖယ်တွေက ဖမ်းထားတာပါ။ ဖမ်းဆီးခံထားတာနဲ့ ပတ် သက်ပြီး ပြန်လည်လွတ်မြောက်လာနိုင်ဖို့အတွက် ကျွန်တော်တို့ဘက်က မီဇိုးရမ်ပြည်နယ်၊ တာဝန်ခံတစ်ချို့တွေနဲ့ တတ် နိုင်သမျှ ကြိုးစားပြီးဆောင်ရွက်နေပါတယ်လို့ဖမ်းဆီးခံမြန်မာနိုင်ငံသား ၄ ဦးကိုပြန်လည် လွတ်မြောက်ရန် ကူညီဆောင်ရွက်ပေးနေသော တာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖမ်ဆီးခံထားရသော မြန်မာနိုင်ငံသား ၄ ဦးနှင့်အတူ သေ နတ် ၂ လက်၊ ကျည်ဆံ၊ ပြောက်ကျားဝတ်စုံ၊ စစ်ဖိနပ်၊ အိုင်ကွန်၊ ယမ်းမှုန့်၊ တရုတ်ဆိုင်ကယ် ၃ စီးနှင့် အခြားပစ္စည်းများလည်းသိမ်းဆည်းရမိထားကြောင်း ထုတ်ပြန်ချက်အရသိရသည်။
အိန္ဒိယ-မြန်မာနယ်စပ်တွင် ဂိတ်ချထားသော အာသံရိုင်ဖယ်တပ်များက မြန်မာနိုင်ငံဘက်သို့ သယ်ဆောင်မည့် လက်နက်ခဲယမ်းများနှင့် စစ်ဘက်ဆိုင်ရာအသုံး အဆောင်များကိုဖမ်းဆီးမှုများပြုလုပ်သည့်အပြင် ချင်း ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက် ကျန်း မာရေးအထောက်အကူပြု ဆေးနှင့်ဆက်စပ်ပစ္စည်းများကိုလည်း ဖမ်းဆီးမှုများပြုလုပ်ကြောင်းမြန်မာစစ်ဘေးရှောင်ကော်မတီများထံမှ သိရသည်။
အခုနောက်ပိုင်းမှာ ပြည်တွင်းမှာရှိတဲ့ စစ်ဘေးရှောင်တွေအတွက် အရေးကြီးလိုအပ်နေတဲ့ ဆေးဝါးတွေ သယ် ဆောင်ရင်လည်း အာသံရိုင်ဖယ်တပ်တွေက ဖမ်းတယ်။ ချင်းပြည်နယ်ဘက်မှာဆိုရင် လူနာတွေကို ကုသမယ့် ဆေးဝါးတွေ ပြတ်လပ်နေပြီ။ ဒါကြောင့် မီဇိုးရမ်ဘက်မှာ ဆေးဝါးတွေ ဝယ်ယူပြီး သယ်ဆောင်တာတွေ တွေ့ရင်လည်း ဖမ်းတယ်။ သူတို့နိုင်ငံရဲ့ လုံခြုံရေးအရနဲ့ ဉပဒေအရ လက်နက်ခဲယမ်းတွေကို ဖမ်းဆီးတာအကြောင်းမဟုတ်ပေမယ့် စစ်ဘက်ဆိုင်ရာမဟုတ်တဲ့ ပစ္စည်းတွေကအစ လိုက်ဖမ်းတာတော့ မဖြစ်သင့်ဘူလို့ မြင်ပါတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးသည့် တာဝန်ခံအမျိုး သားတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံသားများက တော်လှန်ရေးအတွက် လိုအပ်သော လက်နက်ခဲယမ်းများကို ညဘက်နှင့် နံနက်ပိုင်းတွင် သယ်ဆောင်နေကြောင်းကို အာသံရိုင်ဖယ်တပ်က သိရှိနေပြီဖြစ်သည့်အတွက် ၎င်းအချိန်တွင် သယ်ဆောင်ခြင်းများမပြုလုပ်ကြရန်လည်း ၎င်းက ဆက်လက်အသိပေးပြောကြားသည်။
မြန်မာနိုင်ငံဘက်သို့ လက်နက်ခဲယမ်းနှင့်စစ်သုံးပစ္စည်းများသယ်ဆောင်မှုများကို အာသံရိုင်ဖယ်တပ်က တင်းကြပ်စွာစစ်ဆေး ဖမ်းဆီးမှုများပြုလုပ်နေသ ဒေသကာကွယ်ရေးတပ်များထံမှသိရသည်။
#မီဇိုးရမ် #ချင်းလူမျိုး #၄ဦး #ဖမ်းဆီးခံရ #AyeyarwaddyTimes