ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၃ ရက်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊သဲဖြူကျေးရွာအနီး အမှတ် ၄ လမ်းမပေါ်ရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို ယနေ့ နံနက်ပိုင်းက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြပျောက်ကျား YUGA ထံမှ သိရှိရသည်။

စစ်ကောင်စီတပ်နှင့် စစ်အုပ်စုလက်အောက်ခံရဲများ အများအပြားရှိသည့် အဆိုပါ ပူးပေါင်းစစ်ဆေးရေးဂိတ်အား အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ် ရာရရှိသူများပြားကြောင်း ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူကပြောသည်။

” ရဲနဲ့ယာဥ်ထိန်းရဲ ၈ ယောက်လောက်ထိတာ။ ၄ ယောက်ကနေရာတင် လဲကျပြီးသေတယ်။ ထိခိုက်တဲ့ သူတွေများတယ်”ဟု Yangon Urban Guerrilla Army(MO-7 Eagles)မှ တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ဆင်ရေးကို ရန်ကုန်မြောက်ပိုင်းခရိုင်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့နှင့် Yangon Urban Guerrilla Army (Mo-Mo7 Eagles)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက “ဖောက်ခွဲခံရတာ မနက်က။ သေဆုံးအတိအကျတော့ မသိရသေးဘူး။ ရဲနဲ့ မော်တော်ပီကယ်သေတယ်။ ခုထိတော့ လမ်းမပေါ်နဲ့ ရပ်ကွက်တွေထဲ စစ်နေတုန်းပဲ”ဟု အတည်ပြုပြောသည်။

ဓာတ်ပုံ – စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး(ပုံဟောင်း)။
#မှော်ဘီ #အမှတ် ၄ လမ်း #စစ်ဆေးရေးဂိတ် #ဗုံးခွဲခံရ #စစ်ကောင်စီတပ်သေဆုံး #AyeyarwaddyTimes