ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၁ ရက်

မန္တလေးတိုင်း၊ မိုးကုတ်-ပြင်ဦးလွင်လမ်းပိုင်းမှာ နိုဝင် ဘာလ ၈ ရက်မှ ၁၈ ရက်နေ့အထိ ၁၀ ရက်ကျော်အကြာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကပူးပေါင်းတိုက်ခဲ့တယ် သိရပါတယ်။

၁၀ ရက်ကြာစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ၃ ကြိမ်တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ မေမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။

“သေဆုံးသူကတော့ အတော်လေးများပါတယ်။ ၃ ကြိမ်ပေါင်း ၈၀ ဝန်းကျင်လောက်သေဆုံးမှုရှိနိုင်တယ်။ မေမြို့ ကုတင် ၇၀၀ စစ်ဆေးရုံကို လည်းဒဏ် ရာရသူတွေမနည်းဘူးပို့ထားတယ်လို့သိရတယ် ။PDF ဘက်ကလည်း ထိခိုက်ဒဏ်ရာရသူတွေလဲရှိပါတယ်” လို့ မေမြို့ပကဖတာဝန်ခံ မနီလာ က ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကို ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ မေမြို့PDF ၊ မိုးကုတ်PDF၊ စဥ့်ကူးPDF၊ သပိတ်ကျင်းPDF တပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို ဧရာဝတီတိုင်းမ်အနေနဲ့သီးခြားအတည်မပြုနိုင်ပါဘူး။

ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က တော်လှန်ရေး ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာရရှိပြီး စိုးရိမ်စရာမရှိဘူးလို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

လတ်တလောမှာ စစ်ကောင်စီတပ်တွေဟာ ပြန်လည်ဆုတ်ခွာသွားပြီး မိုးကုတ်-မေမြို့လမ်းပိုင်း ဟိုခိုကျေးရွာနဲ့ နောက်သခေါရွာ တွေဘက်မှာ စစ်အင်အားအများအပြားချထားတယ်လို့သိရပါတယ်။
#Ayeyarwaddy_Times