ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂ ရက်

ယူကရိန်းနိုင်ငံတောင်ပိုင်း အိုဒက်ဆာဒေသမှာ ရုရှားတပ်ဖွဲ့တွေရဲ့ ဒုံးကျည်ဖြင့်တိုက်ခိုက်မှုကြောင့် လူ ၂၁ ဦး သေဆုံးခဲ့ပြီး ၃၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဆာဟီကာမြို့မှာ ယမန်နေ့နံနက်အစောပိုင်းက တိုက်ခိုက်မှုဖြစ်ခဲ့တာလို့ ယူကရိန်း အရေးပေါ်အခြေအ နေ ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ဒုံးကျည်တစ်စင်းက ကိုးထပ်အဆောက်အအုံတစ်လုံးကို ထိမှန်ခဲ့တယ်လို့ အဲဒီဝန်ကြီးဌာနက ပြောကြား ပြီး ပျက်စီးနေတဲ့အဆောက်အအုံနဲ့ အပျက်အစီးတွေ ရှင်းလင်းနေတဲ့ အကြီးစားကိရိယာတွေရဲ့ ရုပ်သံဖိုင်ကို ထုတ် ပြန်လိုက်ပါတယ်။

ရုရှားတိုက်လေယာဉ်တစ်စင်းက ပင်လယ်နက်ဘက်ကနေ ဒုံးကျည်တွေ ပစ်ခတ်ခဲ့တာလို့ ယူကရိန်း အာ ဏာပိုင်တွေက ပြောပါတယ်။ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတာကို ရုရှားသမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ငြင်းဆန်လိုက်ပါတယ်။

ရုရှားတပ်ဖွဲ့တွေက ယူကရိန်းအရှေ့ပိုင်း လူဟန့်ခ်ပြည်နယ်မှာ တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေပြီး လိုင်ဆီချန့်ခ်ဒေသကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။

တိုးတက်မှုက ပုံမှန်ဖြစ်ပြီး ရုရှားတပ်ဖွဲ့တွေက စီးတီးစင်တာနားအထိ ရောက်ရှိလာပြီလို့ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အိုင်ဂေါ်ကိုနာရှန်ကော့ဗ်က ပြောပါတယ်။ ရုရှားတပ်ဖွဲ့တွေက လိုင်ဆီချန့်ခ်ဒေ သမှာ အောင်မြင်တဲ့ ထိုးစစ်ဆင်မှု ဆက်လက်ပြုလုပ်နေတယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့သုံးရက်အတွင်း ရုရှားတပ်ဖွဲ့တွေက ရေနံချက်စက်ရုံတစ်ရုံ၊ သတ္ထုတွင်းတစ်ခုနဲ့ စက်ရုံတစ်ရုံကို သိမ်းပိုက်နိုင်ခဲ့ပြီး ယူကရိန်းစစ်တပ်ဘက်က အဆုံးအရှုံးများတယ်လို့ ၄င်းက ဆက်ပြောပါတယ်။

အကြမ်းဖက်မှုတွေ အရှိန်မြှင့်လာတာ ယူကရိန်းနဲ့ အနောက်မဟာမိတ်တွေမှာ တာဝန်ရှိတယ်လို့ ရုရှား သမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။

ရန်သူတွေက ရန်စမှုတွေ ပြုလုပ်နေတယ်လို့ မနေ့က အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနဲ့ ဖုန်းပြောဆိုမှု တစ်ခုအတွင်း ပူတင်က ဆိုပါတယ်။

ကိုးကား – NHK
Ref; Missile strikes kill civilians in southern Ukraine