
အိမ်မဲမြို့နယ်တွင် လမ်းဘေးတဲအတွင်း မိုးဝင်ခိုသူ အမျိုးသမီး အသတ်ခံရ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၉ ရက်
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ရေသိုးညောင်ဝိုင်းကျေးရွာအုပ်စု အရပ်အခေါ် နတခ တံတား အနီးမှာ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးအလောင်း ၁ လောင်း ၂၆ ရက်နေ့က တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။
သေဆုံးသူအမျိုးသမီးဟာ ခရုကောက်ရောင်းလေ့ရှိသူတဦးဖြစ်ပြီး တံတားအနီးက တဲထဲ ဝင်ရောက်မိုးခိုရင်း အသတ်ခံခဲ့ရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ သူက ခရုကောက်ရောင်းလေ့ရှိတယ် ညပိုင်းဆို အရက်သောက်တက်တယ် ထင်တာတော့ မိုးရွာလို့ တဲထဲ မိုးဝင်ခိုရင် အသတ်ခံရပုံရတယ်၊ အောက်ပိုင်းမှာ သွေးတွေအိုင်အောင် ထွက်နေတယ်”လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
တဲထဲမိုးဝင်ခိုစဉ် အသတ်ခံရတဲ့သူဟာ အသက် ၂၇ နှစ်အရွယ် မအေးအေးမော်ဖြစ်ကြောင်း ဒေသခံများက အတည်ပြုပေမယ့် သူမနေထိုင်ရာဇာတိနဲ့ ဆွေမျိုးတွေကိုတော့ မသိတော့ ပိုင်ရှင်မဲ့ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
သူမရဲ့ အမျိုးသားဖြစ်သူကို ရဲတပ်ဖွဲ့က သူမ မသေဆုံးခင် လွန်ခဲ့တဲ့ ၃ ရက်လေက်ထဲက ရဲစခန်းကို ဖမ်းဆီး ခေါ်ဆောင်သွားချိန်မှာ သူမ ခုလိုမျိုး အသတ်ခံရပြီး သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောဆိုပါတယ်။
#အိမ်မဲ #လမ်းဘေးတဲ #အမျိုးသမီး #သေဆုံး
#Ayeyarwaddy_Times