ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၇ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရွေးချယ်ခန့်အပ်ခဲ့တဲ့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကေတီ ဇာခါရီးယားဟာ တာဝန်ယူပြီး ၅ ရက်အကြာမှာ ရာထူးမှ ထုတ်ပယ်ခံလိုက်ရပါတယ်။
သူဟာ တီဗီဖန်သားပြင်ပေါ်မှာ ထင်ပေါ်ကျော်ကြားမှုကြောင့် ဒေါ်နယ်ထမ့်ရဲ့ သဘောကျမှုကို ရရှိကာ ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။
ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ အဆင်မပြေဖြစ်ခဲ့ရသလို တရားဝင် ဥပဒေရေးရာ အရည်အချင်းတွေနဲ့ ပတ်သက်ပြီး ဝေဖန်ခံခဲ့ရပါတယ်။
သူဟာ ဒေါ်နယ်ထရမ့် ကြည့်ရှုမယ့် ရုပ်သံအစီအစဉ် အချိန်တွေကို စောင့်ဆိုင်းပြီး တီဗီမှာ ပါဝင်ပြသကာ သဘောကျအောင် လုပ်ဆောင်ခဲ့တာပါ။
ဒေါသထွက်နေတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို မဖြေနိုင်ပဲ နောက်ပိုင်း ပြုလုပ်ခဲ့တဲ့ ရုပ်သံအင်တာဗျူးတွေမှာ အမှားမှားအယွင်းယွင်း ဖြေဆိုခဲ့ပါတယ်။
Fox News ရုပ်သံလိုင်းနဲ့ အင်တာဗျူးမှာ သတင်းစာရှင်းလင်းပွဲအတွက် ပြင်ဆင်ချိန် နည်းပါးခဲ့တယ်လို့ သူက ဆင်ခြေပေးခဲ့ပါတယ်။
ရုပ်သံအစီအစဉ်တစ်ခုမှာ သမ္မတရဲ့ ယုံကြည်မှုကို ရရှိထားဆဲလားဆိုတဲ့ မေးခွန်းကို တိကျစွာ မဖြေဆိုနိုင်ခဲ့ပါဘူး။
ဒေါ်နယ်ထရမ့်ဟာ အရာရှိတွေကို ခန့်အပ်ရာမှာ အရည်အချင်းထက် ရုပ်ရည်နဲ့ သစ္စာစောင့်သိမှုကိုသာ အဓိကထား ရွေးချယ်လေ့ရှိတယ်လို့ ဝေဖန်ခံနေရပါတယ်။
၎င်းရဲ့ ဒုတိယ သက်တမ်းအတွင်းမှာ အစိုးရအဖွဲ့ဝင်အချို့ အရည်အချင်း မပြည့်မီမှုတွေကြောင့် ဝေဖန်မှုတွေ ရင်ဆိုင်နေရပါတယ်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ရာထူးဟာ သမ္မတရဲ့ သတင်းစကားတွေကို တိကျစွာ ထုတ်ပြန်ရတဲ့ အရေးပါသော ရာထူးတစ်ခု ဖြစ်ပါတယ်။
အခုလို ၅ ရက်အတွင်း ရာထူးမှ ထုတ်ပယ်ခံလိုက်ရမှုဟာ ဒေါ်နယ်ထရမ့်ရဲ့ ရုပ်ရည်အပေါ် အခြေခံတဲ့ ဝန်ထမ်းရွေးချယ်မှု အားနည်းချက်ကို ပေါ်လွင်စေခဲ့ပါတယ်။
ဇာခါရီးယားရဲ့နေရာမှာ ဘယ်သူကို အစားထိုး ခန့်အပ်မည်ဆိုတာကို အိမ်ဖြူတော်က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
ဒေါ်နယ်ထရမ့်က ဇာခါရီးယား ထုတ်ပယ်ခံရမှုနဲ့ ပတ်သက်ပြီး သီးသန့် မှတ်ချက်ပေးခြင်း မရှိသေးကြောင်း သိရပါတယ်။
News: The Guardian
Ref; Katie Zacharia’s five days as press secretary expose flaws in Trump’s TV-driven hiring