ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃ ရက်
အမေရိကန်ပြည်ထောင်စုရဲ့ ၂၅၀ ကြိမ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အမေရိ ကန်ဒင်္ဂါးစက်ရုံက သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရုပ်ပုံနဲ့ “In God we trust” စာသားပါတဲ့ ၁ ဒေါ်လာတန် အ ကြွေစေ့တွေကို ထုတ်ဝေလိုက်ပါတယ်။
ဒါဟာ ရာစုနှစ်တစ်ခုအတွင်း အမေရိကန် ငွေကြေးပေါ်မှာ သက်ရှိထင်ရှားရှိနေဆဲ သမ္မတတစ်ဦး ရဲ့ရုပ်ပုံ ပထမဆုံးအကြိမ် ပါဝင်လာတာဖြစ်ပါတယ်။
အဆိုပါ အထူးထုတ်အကြွေစေ့တွေဟာ သမိုင်းဝင် အမျိုးသားရေး မှတ်တိုင်တစ်ခုအတွက် ဖန်တီး ထားတာဖြစ်ပြီး ရှေးဟောင်းပစ္စည်း စုဆောင်းသူတွေကြား ရေပန်းစားမယ့် ဒင်္ဂါးတစ်ခု ဖြစ်လာမယ်လို့ အ မေရိကန် ဒင်္ဂါးစက်ရုံက ဆိုပါတယ်။
ဒင်္ဂါးတွေကို ၂၅ စေ့ပါ တစ်အိတ်ကို ၆၁ ဒေါ်လာ၊ အစေ့ ၁၀၀ ပါ တစ်အိတ်ကို ၁၅၄ ဒသမ ၅၀ ဒေါ်လာနဲ့ ရောင်းချခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ ဒင်္ဂါးစက်ရုံဝဘ်ဆိုက်မှာ ပစ္စည်းကုန် သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်း ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရုပ်ပုံပါ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူအသစ်ကို ထုတ်ဝေဖို့ စီစဉ်နေကြောင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်ဥပဒေအရ သက်ရှိထင်ရှားရှိနေသူရဲ့ ရုပ်ပုံကို စက္ကူငွေကြေးပေါ်မှာ ရိုက်နှိပ်တာကို တားမြစ်ထားတာကြောင့် ကွန်ဂရက်လွှတ်တော်ထဲက ဒေါ်နယ်ထရမ့်ရဲ့ မဟာမိတ်တွေက ကင်းလွတ်ခွင့် ရအောင် ဥပဒေကြမ်း တင်သွင်းထားပေမဲ့ လက်ရှိမှာတော့ ရပ်ဆိုင်းနေပါတယ်။
အမေရိကန် ငွေကြေးပေါ်မှာ သက်ရှိထင်ရှားရှိစဉ် ရုပ်ပုံပါဝင်ခဲ့ဖူးတဲ့ အခြားသမ္မတတစ်ဦးမှာ သမ္မတ ကယ်လ်ဗင်ကူးလစ်ချ်ဖြစ်ပြီး ၁၉၂၆ ခုနှစ်၊ အမျိုးသား ၁၅၀ ကြိမ်မြောက် နှစ်ပတ်လည်နေ့ အထိမ်း အမှတ် ၅၀ ဆင့်တန် ဒင်္ဂါးမှာ ပါဝင်ခဲ့တာပါ။
အမေရိကန်အစိုးရဟာ ၂၀၂၀ ပြည့်နှစ်၊ ဒေါ်နယ်ထရမ့်ရဲ့ ပထမသက်တမ်းအတွင်း ပြဋ္ဌာန်းခဲ့တဲ့ အ ကြွေစေ့ ပြန်လည်ဒီဇိုင်းထွင်ရေး ဥပဒေကို ကိုးကားပြီး ယခုကဲ့သို့ ဒင်္ဂါးအသစ်ကို ထုတ်ဝေခဲ့တာ ဖြစ်ပါ တယ်။
အဆိုပါဥပဒေအရ ဒင်္ဂါးရဲ့ ကျောဘက်မှာ သက်ရှိထင်ရှားရှိသူရဲ့ရုပ်ပုံ ရိုက်နှိပ်တာကို တားမြစ် ထားပေမဲ့ အရှေ့ဘက်မှာ ရိုက်နှိပ်တာကိုတော့ တိုက်ရိုက် တားမြစ်ထားခြင်း မရှိဘူးလို့ အာဏာပိုင်တွေက ဆိုပါတယ်။
ကိုးကား – BBC
Ref; Trump $1 coin makes him first president on US currency in a century