ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃ ရက်

တရုတ်အစိုးရအတွက် အမေရိကန်နိုင်ငံမှ သတင်းအချက်အလက်တွေ စုဆောင်းပေးခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ အမေရိကန် သတင်းထောက်တစ်ဦးကို အမေရိကန်တရားရုံးက အင်္ဂါနေ့မှာ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။

ပြစ်ဒဏ်ကျခံရသူဟာ အသက် ၅၀ အရွယ် သောမတ်စ်ပေါကင် ဆိုသူဖြစ်ပြီး တရုတ်ထောက်လှမ်း ရေး သူလျှိုလို့ ယူဆရတဲ့ အမျိုးသမီးတစ်ဦးနဲ့ အမေရိကန် အစိုးရအရာရှိတစ်ဦးကို ချိတ်ဆက်ပေးဖို့ ကြိုး ပမ်းခဲ့မှုနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဝါရှင်တန်မြို့ရှိ ဟိုတယ်တစ်ခုမှာ အမေရိကန် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။

ပေကျင်းမြို့မှာ နေထိုင်ပြီး တရုတ်နိုင်ငံပိုင် သတင်းအေဂျင်စီတွေမှာ အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ တဲ့ ပေါကင်ဟာ အမေရိကန်မှာ တရုတ်အတွက် တရားဝင် မှတ်ပုံမတင်ဘဲ ထောက်လှမ်းရေးအဖြစ် လုပ် ကိုင်ခဲ့ကြောင်း ဇွန်လမှာ ဝန်ခံခဲ့ပါတယ်။

တရားလိုပြရှေ့နေရဲ့ အဆိုအရ ပေါကင်ဟာ ၇ နှစ်တာအတွင်း အမေရိကန်-တရုတ် ဆက်ဆံရေး ဆိုင်ရာ အစီရင်ခံစာတွေ ရေးသားပေးဖို့အတွက် တရုတ်အစိုးရထံမှ ဒေါ်လာ ၁၀၀,၀၀၀ ရရှိခဲ့ပါတယ်။

ပေါကင်ဟာ ၎င်းရဲ့ တရုတ် ထောက်လှမ်းရေးအရာရှိနဲ့ ချိတ်ဆက်ပေးဖို့ အမေရိကန်က ကျွမ်းကျင် သူတွေနဲ့ အစိုးရအရာရှိတွေကို စည်းရုံးဖို့ ကြိုးစားခဲ့ကြောင်း တရားရုံးမှတ်တမ်းတွေက ဖော်ပြပါတယ်။

ပေါကင်က ၎င်းအနေနဲ့ လျှို့ဝှက်ချက်များစွာကို သိရှိခဲ့ပြီး တရုတ်ကို ပြောပြခဲ့မိကြောင်း၊ သူ့ရဲ့ လုပ်ရပ်ဟာ လုံးဝ မှားယွင်းပြီး ထိတ်လန့်ဖွယ် ကောင်းခဲ့ကြောင်း တရားသူကြီးကို လျှောက်လဲခဲ့ပါတယ်။

တရားသူကြီး လီယိုနီဘရင်ကီးမားက ပေါကင်ရဲ့ ပြစ်မှုဟာ လွန်စွာ ကြီးလေးတဲ့ ပြစ်မှုဖြစ်ပြီး လျှို့ ဝှက်သတင်းအချက်အလက်တွေကို တိုက်ရိုက် မပေးခဲ့လျှင်ပင် အဆိုပါ အချက်အလက်တွေကို လိုချင်နေ တဲ့ တရုတ်သူလျှိုနဲ့ အမေရိကန်အရာရှိတွေကို ချိတ်ဆက်ပေးဖို့ ကြိုးစားခဲ့တာလို့ ပြောပါတယ်။

စွပ်စွဲခံရသူရဲ့ရှေ့နေက ဒေါ်လာ ၁၀၀,၀၀၀ ဟာ ၇ နှစ်တာအတွက် များပြားတဲ့ ပမာဏ မဟုတ်ဘူး လို့ ထုချေခဲ့ပေမဲ့ တရားသူကြီးက ဒီပမာဏဟာ တရုတ်နိုင်ငံမှာ သုံးစွဲဖို့အတွက် တန်ဖိုးတော်တော်များ တယ်လို့ဆိုကာ ပယ်ချခဲ့ပါတယ်။

ပေါကင်ရဲ့ မိတ်ဆွေတွေရဲ့ အဆိုအရ ၎င်းဟာ တရုတ်နိုင်ငံမှာ စီးပွားရေး အဆင်မပြေဖြစ်နေပြီး စိတ်ကျန်းမာရေး ပြဿနာအချို့ ကြုံတွေ့နေရသူလို့ သိရပါတယ်။

ပေါကင်ဟာ တက္ကဆပ်ပြည်နယ်၊ ရီပတ်ဘလစ်ကန် နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ ဆက်နွှယ်မှုရှိတဲ့ မိ သားစုမှ ဆင်းသက်လာသူဖြစ်ပြီး ၎င်းရဲ့ ဖခင်ဖြစ်သူမှာ အမေရိကန် ထောက်လှမ်းရေးအရာရှိဟောင်းတစ် ဦး ဖြစ်ပါတယ်။

ကိုးကား – Politico
Ref; American journalist sentenced to 2 years for acting as agent for China