Ukraine's President Volodymyr Zelenskiy speaks as he attends a joint press conference with European Commission President Ursula von der Leyen (not pictured) during Ukraine Southeast Europe Summit, amid Russia's attack on Ukraine, in Kyiv, Ukraine, July 15, 2026. REUTERS/Alina Smutko/File Photo

ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၆ ရက်

 

ရုရှားနိုင်ငံက ၄ နှစ်ကျော် ကြာမြင့်နေပြီဖြစ်တဲ့ ယူကရိန်းစစ်ပွဲအတွင်း ပါဝင်တိုက်ခိုက်ဖို့ မြောက်ကိုရီး ယားစစ်သား ၃၀,၀၀၀ ကို ထပ်မံခေါ်ယူလိုနေပြီး ပြင်ဆင်မှုတွေ ပြုလုပ်နေပြီလို့ သမ္မတ ဇီလန်စကီး က ဇူလိုင် ၂၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

 

နှစ်နိုင်ငံ မဟာဗျူဟာမြောက် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အရ ၂၀၂၄ ခုနှစ် အတွင်း မြောက်ကိုရီးယားစစ်သား ၁၄၀၀၀ ခန့်ဟာ ရုရှားနိုင်ငံ ကာစ်ခ်ဒေသဆီ သွားရောက်ခဲ့ပြီး ယူက ရိန်းတပ်တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို ပြန်လည်တွန်းလှန်ဖို့ ရုရှားဘက်မှ ကူညီပေးခဲ့ပါတယ်။

 

“ရုရှားနဲ့ မြောက်ကိုရီးယားတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကျွန်တော်တို့ တွေ့မြင်နေရပြီး ရုရှား ဟာ မြောက်ကိုရီးယားစစ်သား ၃၀၀၀၀ ကို ထပ်မံခေါ်ယူဖို့ လိုလားနေပါတယ်” လို့ ၎င်းက ဆိုပါ တယ်။

မြောက်ကိုရီးယားစစ်သားတွေကို လက်ခံဖို့အတွက် ဇွန်လကတည်းက ရုရှားနိုင်ငံ ဗိုရိုနစ်ရှ်ဒေသ မှာ ပြင်ဆင်မှုတွေ စတင်ပြုလုပ်နေပြီလို့ သူက ဆက်ပြောပါတယ်။

 

မြောက်ကိုရီးယားဟာ ရုရှားထံ ဒုံးကျည်ပစ်စင်အသစ်တွေကိုလည်း ထောက်ပံ့ပေးဖို့ ပြင်ဆင်နေ တယ်လို့ ဇီလန်စကီးက သတိပေးခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေဟာ ယူကရိန်းနိုင်ငံအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနေတာပါ။

 

ရုရှားဟာ မြောက်ကိုရီးယားကို စစ်ပွဲဆင်နွှဲနည်း၊ လက်နက်များ အဆင့်မြှင့်တင်နည်းနဲ့ စစ်မြေပြင် အတွေ့ အကြုံသစ်တွေ ရရှိအောင် ကူညီပေးနေတာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေဟာ မြောက်ကိုရီးယား ဒုံးကျည်လက်လှမ်းမီတဲ့ အာရှတိုက်အတွင်းရှိ နိုင်ငံတိုင်း အတွက်ပါ ခြိမ်းခြောက်မှု ဖြစ်လာနေပါတယ်။

 

ဒီလိုဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုနဲ့ ခြိမ်းခြောက်မှုတွေကိုလည်း ယူကရိန်းက ပြန်လည်တုံ့ပြန်သွားမယ်လို့ ဇီလန်စကီးက ကတိပြုပါတယ်။

 

ကိုးကား – Reuters
Ref; Russia wants to bring 30,000 North Korean troops into war, says Ukraine’s Zelensky