ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၄ ရက်
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့နယ်ရှိစစ်ကော်မရှင်တပ်အတွင်း ကြိုတင်မဲများ ကောက်ယူပြီးကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။
ပလောက်မြို့၊ အမှတ်(၁၂) တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၂) ရှိ စစ်ကော်မရှင်တပ်သားအများစုမှာ ကြိုတင်မဲကို ၎င်းတို့ကိုယ်တိုင် ပေးခွင့်မရပဲ လူကိုယ်စားဖြင့်သာ ကြိုတင်မဲကို အမှန်ချစ်ပြီ ပေးရကြောင်း သိရသည်။
“တပ်ထဲမှာ ငါးပုံ ပုံရင် လေးပုံလောက် ကြိုတင်မဲ ပေးပီးကြပီ၊ သူတို့ကိုယ်တိုင်မဲပေးရတာ မဟုတ်ပဲ တပ်ထဲကလူတစ်စုကပဲ မဲစာရွက်မှာ အမှန်ချစ် ထိုင်ချစ်ပေးကြတာပါ”ဟု (တတက-၁၂) ရှိ စစ်ကော်မရှင်တပ်သားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့ပြင် (တတက-၁၂) အတွင်းရှိ စစ်ကော်မရှင်တပ်သားများ၏ ဇနီးသည် ရဲမေအများစုမှာလည်း ကြိုတင်မဲသာ ပေးခွင့်ရကြောင်း သိရသည်။
ပုလောမြို့နယ်တွင် ရွေးကောက်ပွဲကာလအတွင်း စစ်ကော်မရှင်တပ်က လုံခြုံရေးများတင်းကြပ်ထားသည့်အပြင် ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင်များကလည်း လမ်းကြောင်းများပိတ်ထားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။
စစ်ကော်မရှင်တပ်က ပြုလုပ်မည့် အပိုင်း (၃) ရွေးကောက်ပွဲကို ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
ဓာတ်ပုံ-ပလောက်မြို့၊ အမှတ်(၁၂) တန်းမြင့်လေ့ကျင့်ရေးကျောင်း