ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၅ ရက်
တိုင်းပြည်ကို ကစဉ့်ကလျားအခြေအနေ ဖြစ်စေခဲ့တဲ့ ၂၀၂၄ ခုနှစ် စစ်အုပ်ချုပ်ရေး ကြေညာမှု ကြောင့် သမ္မတဟောင်း ယွန်ဆတ်ယိုလ်အား သေဒဏ်ချမှတ်ပေးဖို့ တောင်ကိုရီးယား အစိုးရရှေ့နေတွေ က ယမန်နေ့မှာ တောင်းဆိုခဲ့ပါတယ်။
ယွန်ဆတ်ယိုလ်ဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ အရပ်ဘက်အုပ်ချုပ်ရေး အဆုံးသတ်စေမယ့် စစ် အုပ်ချုပ်ရေး ကြေညာကာ လွှတ်တော်သို့ တပ်ဖွဲ့တွေ စေလွှတ်ခဲ့တာကြောင့် တောင်ကိုရီးယားနိုင်ငံမှာ နိုင် ငံရေး အကျပ်အတည်းတစ်ရပ် ဖြစ်စေခဲ့ပါတယ်။
ယွန်ဆတ်ယိုလ်ရဲ့ ကြိုးပမ်းမှုဟာ မအောင်မြင်ခဲ့လို့ သူဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာ ဖမ်းဆီးခံခဲ့ရ ပြီး တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး ဖမ်းဆီးခံရတဲ့ တာဝန်ထမ်းဆောင်ဆဲ သမ္မတ ဖြစ်ခဲ့ပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ ယွန်ဆတ်ယိုလ်ရဲ့ အာဏာအလွဲသုံးစားမှုနဲ့ အခြားစွဲချက်တွေကို ယမန်နေ့က ကြားနာခဲ့ပြီး သူ့ကို သေဒဏ်ပေးဖို့ အစိုးရရှေ့နေတွေက တောင်းဆိုခဲ့တာပါ။
အစိုးရရှေ့နေတွေက ယွန်ဆတ်ယိုလ်ကို အာဏာရှင်စနစ်နဲ့ ရေရှည်အုပ်ချုပ်မှုကို ရည်ရွယ်သော အာဏာတပ်မက်မှုကို လှုံ့ဆော်ပေးသော “ပုန်ကန်မှု” ခေါင်းဆောင်လို့ စွပ်စွဲခဲ့ကြသည်။
အစိုးရရှေ့နေတွေဟာ ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယောင်ဟွန်အား ထောင်ဒဏ် တစ်သက် တစ်ကျွန်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အကယ်၍ အပြစ်ရှိကြောင်း တွေ့ရှိပါက ယွန်ဟာ ၁၉၇၉ ခုနှစ် အာဏာသိမ်းမှနဲ့ဆက်စပ်ပြီး စစ် ခေါင်းဆောင်နှစ်ဦးနဲ့အတူ ပုန်ကန်မှုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရတဲ့ တတိယမြောက် တောင်ကို ရီးယားသမ္မတ ဖြစ်လာမှာပါ။
ယွန်ဆတ်ယိုလ်အား သေဒဏ်ချမှတ်ခဲ့လျင်ပင် တောင်ကိုရီးယားမှာ ၁၉၉၇ ခုနှစ်ကတည်းက သေ ဒဏ်ကွပ်မျက်မှုကို ရပ်ဆိုင်းထားတာကြောင့် ဒီလိုလုပ်ဖို့ မဖြစ်နိုင်သလောက်ပါပဲ။
ကိုးကား – AFP
Ref; South Korean prosecutors demand death penalty for ex-leader Yoon