ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၄ ရက်

တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့ ထိုင်ဝမ်က ကာကွယ်ရေးစွမ်းပကားတွေ တိုးမြှင့် သွားဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ထိုင်ဝမ်သမ္မတ လိုင်ချင်တေးက ပြောပါတယ်။

လိုင်ချင်တေးဟာ အင်္ဂါနေ့က ယိလန်မြို့မှာကျင်းပတဲ့ အရန်တပ်ဖွဲ့ဝင် ၄၀၀ ခန့်ရဲ့ လေ့ကျင့်နေမှု ကို စစ်ဆေးခဲ့ပါတယ်။ အဆိုပါစစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာလ ၂၂ ရက်မှ ဒီဇင်ဘာလ ၅ ရက်အထိ ပြု လုပ်မှာဖြစ်ပါတယ်။

အရန်တပ်ဖွဲ့ဝင်တွေဟာ ဒရုန်းတွေ မောင်းနှင်ဖို့နဲ့ မြို့ပြစစ်ပွဲမှာ ရန်သူချီတက်လာမှုကို မည်ကဲ့သို့ တားဆီးရမည်ကို သင်ကြားရတယ်ဆိုတာကို ၎င်းက ကြည့်ရှုခဲ့ပါတယ်။

စစ်တပ်အင်အား တည်ဆောက်ရတဲ့ ရည်ရွယ်ချက်တစ်ခုမှာ ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်ဆောက် ဖို့ဖြစ်ပြီး ထိုင်ဝမ်ဟာ စစ်မှန်သော ငြိမ်းချမ်းရေးရရှိဖို့ အင်အားအပေါ် အားထားရမယ်လို့ သူက ဆိုပါတယ်။

တရုတ်က ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းဖို့ ရည်ရွယ်တာကြောင့် စစ်ရေးလေ့ကျင့်မှုတွေကနေ တိုက်ခိုက်ရေးဖြစ်မလာအောင် တရုတ်ကို ဟန့်တားဖို့ လိုအပ်တယ်လို့ လိုင်ချင်တေးက ပြောပါတယ်။

ကာကွယ်ရေးစွမ်းပကား မြှင့်တင်ဖို့ ၂၀၂၆ ခုနှစ်မှစကာ ၈ နှစ်အတွင်း ဒေါ်လာ ၄၀ ဘီလီယံခန့် အ ထူးဘတ်ဂျက် သုံးစွဲသွားမယ့် အစီအစဉ်ရှိတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ အဆင့်မြှင့်တင်ဖို့နဲ့ အခြားအစီအမံတွေအတွက် ကာ ကွယ်ရေးဘတ်ဂျက်ကို ခွဲဝေသုံးစွဲမှာဖြစ်ပါတယ်။

တရုတ်ရဲ့ စစ်ရေးအင်အားကို အကုန်အကျနည်းနည်းနဲ့ တန်ပြန်နိုင်မယ့် စစ်ပွဲမဟာဗျူဟာအရ ထိုင်ဝမ်စစ်တပ်နဲ့ ပုဂ္ဂလိကကုမ္ပဏီတွေဟာ ဒရုန်းတွေ၊ ရေအောက်ဒရုန်းတွေကို ပူးတွဲ တည်ဆောက်နေ ပါတယ်။

ကိုးကား – NHK
Ref; Taiwan president renews his vow to bolster defense capabilities