ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၆ ရက်

အာဆီယံအဖွဲ့ဟာ မြန်မာနိုင်ငံသို့ လေ့လာစောင့်ကြည့်သူတွေ စေလွှတ်ရေးကိစ္စ ဆက်လက်ပြီး ဆွေးနွေးမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ပြန်လည်ရရှိဖို့ အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းမှုတွေကို ထိန်းကျောင်းရာမှာ ဘုံသဘောတူညီချက် (၅) ရပ်ဟာ အဓိကကျနေဆဲလို့ သူက ဆိုပါတယ်။

“မြန်မာရွေးကောက်ပွဲဟာ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်မှုနဲ့ အများယုံကြည် လက်ခံမှု ရှိရမယ်ဆိုတာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ဇူလိုင်အတွင်း သဘောတူခဲ့ပါတယ်။ ရွေး ကောက်ပွဲမတိုင်မီ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်” လို့ ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာ့အရေး အဖြေရှာရာမှာ ကြိုးပမ်းမှုတွေ အရှိန်မြှင့်ဖို့နဲ့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ လုပ်ပိုင်ခွင့်ကို တိုးပေးမယ့်အဆိုကို ဆွေးနွေးခဲ့ကြတယ်လို့ မိုဟာမက်ဟတ်ဆန်က ဆက်ပြောပါတယ်။

ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ဉီးစားပေးဖို့ တောင်းဆိုမှုတွေ ရှိလင့်ကစား ရွေးကောက်ပွဲကို ဒီဇင် ဘာလ ၂၈ ရက်မှာ ပြုလုပ်မယ်လို့ မြန်မာစစ်ကော်မရှင်က ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု အခြေအနေကို ဖြေရှင်းရာမှာ အဖွဲ့ဝင်နိုင်ငံတွေ၊ မိတ်ဖက်တွေနဲ့ ကုလသမဂ္ဂရဲ့ ကူညီထည့်ဝင်မှုတွေကို အာဆီယံအဖွဲ့က အသိအမှတ်ပြုခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

ကိုးကား – Bernama
Ref; ASEAN continues discussions on proposal to send observers to Myanmar