ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၅ ရက်

မြန်မာစစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ စေလွှတ်ဖို့ အဖွဲ့ဝင်နိုင်ငံတွေကို ဖိတ်ကြားချက်နဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက စုပေါင်းပြီး အဖွဲ့ရဲ့ရပ် တည်ချက်ကို ဆုံးဖြတ်မယ်လို့ သိရပါတယ်။

ဘယ်တိုင်းပြည်မှ ထိုကိစ္စကို လွတ်လပ်စွာ ဆုံးဖြတ်မှာမဟုတ်ဖူးလို့ မလေးရှား နိုင်ငံခြားရေးဝန် ကြီး မိုဟာမက်ဟတ်ဆန်က ပြောပါတယ်။

“ကျွန်တော်တို့ တစ်ဖက်သတ် မဆုံးဖြတ်ပါဘူး။ ဒါဟာ အာဆီယံအဖွဲ့ ဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

အဆိုပါကိစ္စကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ စုပေါင်းပြီး ဆုံးဖြတ်မယ်လို့ သူက ဆိုပါတယ်။

အာဆီယံအဖွဲ့ဟာ မြန်မာစစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲသို့ လေ့လာစောင့်ကြည့်သူတွေ စေလွှတ် ဖွယ်မရှိဘူးလို့ မိုဟာမက်ဟတ်ဆန်က ပြောပါတယ်။

မလေးရှားနိုင်ငံက လာမယ့် မြန်မာရွေးကောက်ပွဲသို့ လေ့လာစောင့်ကြည့်သူ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မှာလားလို့ မေးမြန်းချိန်မှာ ၎င်းက အခုလို မှတ်ချက်ပြုခဲ့တာပါ။

မြန်မာစစ်ကော်မရှင်က ရွေးကောက်ပွဲကို တရားမျှတမှု၊ လွတ်လပ်မှု၊ ပွင့်လင်းမြင်သာမှုနဲ့ အများ ယုံကြည်လက်ခံမှုရှိရှိ ကျင်းပရမယ်လို့ မိုဟာမက်ဟတ်ဆန်က အောက်တိုဘာလ ၉ ရက်မှာ ပြောကြားခဲ့ ပါတယ်။

ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီအားလုံးနဲ့ သက်ဆိုင်သူတွေ ပါဝင်ဖို့ လိုအပ်တယ်လို့ ပြီးခဲ့တဲ့အ ပတ် နေပြည်တော်ခရီးစဉ်အတွင်း ထိုရပ်တည်ချက်ကို ၎င်းက ပြောကြားခဲ့တာပါ။

ကိုးကား – Bernama
Ref; ASEAN to decide collectively on Myanmar election observers deployment