ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၇ ရက်

ယူကရိန်းနိုင်ငံသို့ စေလွှတ်တဲ့ မည်သည့် ပြည်ပတပ်ဖွဲ့တွေကိုမဆို ရုရှားတပ်ဖွဲ့တွေက တရားဝင် ပစ်မှတ်တွေအဖြစ် သဘောထားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က သောကြာနေ့မှာ ပြောပါတယ်။

ရုရှားနိုင်ငံက လက်သင့်မခံဟု ထုတ်ဖော်ပြောဆိုထားတဲ့ ယူကရိန်းသို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ စေလွှတ်ဖို့ ဥရောပခေါင်းဆောင်တွေက ကတိပြုပြီးနောက် ပူတင်က အခုလို မှတ်ချက်ပြုတာပါ။

“တိုက်ပွဲတွေ ဆက်ဖြစ်နေစဉ် ဘယ်တပ်ဖွဲ့ကိုမဆို တရားဝင် ပစ်မှတ်တွေအဖြစ် ကျွန်တော်တို့ ယူဆပါမယ်” လို့ ရုရှားအရှေ့ပိုင်း ဗလာဒီဗော့စတော့ခ်မြို့မှာကျင်းပတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ ၎င်း က ပြောပါတယ်။

အပြီးသတ် ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိပြီးပါက ယူကရိန်းမှာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ ထားရှိမယ့်စိတ်ကူးကိုလည်း ပူတင်က ပယ်ချခဲ့ပါတယ်။

ရုရှားနဲ့ယူကရိန်း နှစ်နိုင်ငံစလုံးအတွက် လုံခြုံရေး အာမခံချက်တွေ လိုအပ်မယ်လို့ ၎င်းက ဆက် ပြောပါတယ်။

ယူကရိန်းစစ်ပွဲပြီးဆုံးပါက ယူကရိန်းသို့ တပ်ဖွဲ့တွေစေလွှတ်ဖို့ မဟာမိတ် ၂၆ နိုင်ငံက ကတိပြုခဲ့ ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ်မေခရွန်က မှတ်ချက်ပြီးနောက် ပူတင်က အခုလို တုံ့ပြန်ခဲ့တာပါ။

လုံခြုံရေးအာမခံချက်တွေဟာ စစ်ပွဲတွင်းနဲ့ စစ်ပွဲပြီးဆုံးချိန်အထိ အလုပ်ဖြစ်ဖို့ အရေးကြီးတယ် လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။

ကိုးကား – AP
Ref; Putin says foreign troops deployed to Ukraine would be legitimate targets