
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၄
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျောင်အန်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ဟာ တရုတ် နိုင်ငံမှာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့ပြီး ရုရှားကို ဆက်ထောက်ခံမယ်လို့ ကင်ဂျောင်အန်က ပြောပါ တယ်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်အပေါ် တရုတ်နိုင်ငံအောင်ပွဲရရှိမှု နှစ် ၈၀ ပြည့် စစ်ရေးပြပွဲ အခမ်း အနား တက်ရောက်အပြီးမှာ ၎င်းတို့နှစ်ဉီး တွေ့ဆုံခဲ့တာပါ။
နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ အထူး ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုရှိတဲ့ မဟာမိတ်အဖွဲ့ပုံစံ ဖြစ် လာခဲ့ပြီလို့ ပူတင်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လအတွင်း ခေါင်းဆောင်နှစ်ဉီး လက်မှတ်ရေးထိုးခဲ့တဲ့ ဘက်စုံပါဝင်သော မဟာဗျူ ဟာမြောက် မိတ်ဖက်ဆောင်ရွက်မှုစာချုပ်ကြောင့် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာလာခဲ့တယ်လို့ သူက ဆိုပါ တယ်။
ရုရှားနိုင်ငံအနောက်ပိုင်း ကာတ်စ်ဒေသမှာ ယူကရိန်းတပ်ဖွဲ့နဲ့ တိုက်ပွဲတွေမှာ မြောက်ကိုရီးယား စစ်သားတွေ ပါဝင်တိုက်ခိုက်တာကို ပူတင်က ချီးကျူးခဲ့ပါတယ်။
မြောက်ကိုရီးယားစစ်သားတွေဟာ သတ္တိရှိရှိ၊ သူရဲကောင်းပီသစွာ တိုက်ခိုက်ခဲ့ပြီး မြောက်ကိုရီး ယားစစ်သားတွေနဲ့ မိသားစုတွေရဲ့ ပေးဆပ်မှုတွေကို ဘယ်တော့မှ မမေ့ဘူးလို့ ၎င်းက ဆက်ပြောပါ တယ်။
ပူတင်နဲ့ ရုရှားပြည်သူတွေကို ကူညီနိုင်ရေး အရာအားလုံးလုပ်ဆောင်ဖို့ အဆင်သင့်ရှိပြီး ဒါဟာ ညီအစ်ကိုစိတ်ဓာတ်လို့ ကင်ဂျောင်အန်က ပြောပါတယ်။
ကင်ဂျောင်အန်ကို မော်စကိုမြို့တော်သို့လာရောက်ဖို့ ပူတင်က ဖိတ်ကြားခဲ့ပြီး ခရီးစဉ် ရက်အတိ အကျ သတ်မှတ်ဖို့ အစီအစဉ်တွေ ပြုလုပ်မယ်လို့ ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ရှ်ကော့ က ပြောပါတယ်။
ကိုးကား – NHK
Ref; Kim offers continued support to Putin amid Russia’s invasion of Ukraine