
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃ ရက်
ယူကရိန်းအရေးကို နိုင်ငံရေးအရ ဖြေရှင်းသင့်တယ်ဆိုတဲ့ ရပ်တည်ချက်ကို တရုတ်နိုင်ငံက ထပ် လောင်းအတည်ပြုခဲ့ပြီး ယူကရိန်းနဲ့ရုရှားကြား ငြိမ်းချမ်းရေးကြိုးပမ်းရာမှာ အပြုသဘောဆောင်သော အခန်းကဏ္ဍမှပါဝင်ဖို့ ကမ်းလှမ်းလိုက်ပါတယ်။
သက်ဆိုင်ရာနိုင်ငံတွေရဲ့ ဆန္ဒနဲ့အညီ ယူကရိန်းအရေး နိုင်ငံရေးအဖြေရှာရာမှာ အပြုသဘော ဆောင်သော အခန်းကဏ္ဍမှပါဝင်ဖို့ တရုတ်နိုင်ငံက နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ လက်တွဲဆောင်ရွက်လို ကြောင်း ပေကျင်းမြို့မှာပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆို ခွင့်ရှိသူ Guo Jiakun က ပြောပါတယ်။
“ယူကရိန်းပဋိပက္ခ စတင်ကတည်းက တရုတ်နိုင်ငံဟာ ဘက်မလိုက်သော ရပ်တည်ချက်တစ်ရပ် စောင့်ထိန်းခဲ့ပြီး ငြိမ်းချမ်းရေး မြှင့်တင်ဖို့နဲ့ ဆွေးနွေးဖို့ ကတိပြုခဲ့ပါတယ်” လို့ ၎င်းက ဆိုပါတယ်။
ရုရှားနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ တရုတ်နိုင်ငံရဲ့ ပထဝီနိုင်ငံရေး အခန်းကဏ္ဍကို ကြိုဆိုမယ် လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြီးနောက် သူက အခုလို မှတ်ချက်ပြုတာပါ။
ရုရှားနဲ့ယူကရိန်းကြား နှစ်ချီကြာမြင့်နေပြီဖြစ်တဲ့ ပဋိပက္ခဖြေရှင်းရာမှာ တရုတ်နိုင်ငံက စစ်ရေး နည်းလမ်းထက် တွေ့ဆုံဆွေးနွေးဖို့ ဉီးစားပေးခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ၂၀၂၃ ခုနှစ်အတွင်း ယူကရိန်းအရေး နိုင်ငံရေးအဖြေရှာဖို့ မူဘောင်တစ်ရပ် အ ဆိုပြုထားတဲ့ အချက် (၁၂) ချက်ပါ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
ကိုးကား – Anadolu
Ref; China reiterates Ukraine crisis should be resolved politically