ကနီနယ်၊ စစ်ဘေးရှောင် မီးဘေးသင့်​ပြည်သူများထံ ကူညီရေးများလုပ်ဆောင်ပေးရင်း အပြန်လမ်းမှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြ

ဧရာဝတီတိုင်းမ်
သြဂုတ်လ ၃၁ ရက်

စစ်ကိုင်းတ်ိုင်း၊ ကနီမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ မှ “ဒီမိုကရေစီ လိုချင်ရင် ကုန်စျေးနှုန်း မတက်နဲ့” “ပြည်သူတွေ အသက်လုပြေးကြရတဲ့ နိုင်ငံမှာ အမြတ်လုတင်နေကြတဲ့ အမြတ်ကြီးစားတွေလိပ်ပြာလုံပါစေ” စာတန်းများကိုင်ဆောင်ကာ ဒီကနေ့ သြဂုတ်လ ၃၁ ရက်နေ့မှာ စစ်ဘေးရှောင် မီးဘေးသင့်ပြည်သူများထံ ကူညီရေးများလုပ်ဆောင်ပေးရင်း အပြန်လမ်းမှာ စစ်အာဏာရှင်အလိုမရှိကြောင်း ချီတက်ဆန္ဒပြခဲ့ကြသည်။

#Ayeyarwaddy_Times