
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၄ ရက်
စည်းမကျော်လာဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ထိုင်းနိုင်ငံက သတိပေးခဲ့ပြီး မည် သည့် ပိုင်နက်နယ်မြေ ချိုးဖောက်မှုကိုမှ ခွင့်မပြုဘူးလို့ ပြောပါတယ်။
ထိုင်း နိုင်ငံရေးနဲ့စစ်ဘက်ခေါင်းဆောင်တွေအပြင် မီဒီယာတွေက ကမ္ဘောဒီးယားအပေါ် အခြေအ မြစ်မဲ့ စွပ်စွဲမှုတွေ ပြုလုပ်ခဲ့ကြောင်း ၎င်းက ဇူလိုင်လ ၂၂ ရက်မှာ လူမှုကွန်ရက်၌ ရေးသားခဲ့ပါတယ်။
စွပ်စွဲချက်တွေထဲမှာ ကမ္ဘောဒီးယားက ထိုင်းပြည်တွင်းရေးမှာ စွက်ဖက်မှုနဲ့ မြေမြုပ်မိုင်းတွေ ထောင်တာ ပါဝင်ပါတယ်။
နယ်နိမိတ်မသတ်မှတ်ရသေးတဲ့ ပိုင်နက်နယ်မြေမှာ မည်သည့်နိုင်ငံကမှ တစ်ဖက်သတ် အစီအမံ တွေ လုပ်ဆောင်ပိုင်ခွင့်မရှိဘူးလို့ သူက ဆိုပါတယ်။
“အနီရောင်မျဉ်းက မပြောင်းမလဲ ရှိနေမှာပါ။ ကမ္ဘောဒီးယားက မည်သည့်နိုင်ငံကိုမှ ထိပါးမှာမ ဟုတ်ပေမယ့် မည်သည့် ပိုင်နက်နယ်မြေ ချိုးဖောက်မှုကိုမှ ခွင့်မပြုပါဘူး။ ကမ္ဘောဒီးယားနိုင်ငံက ချိုး ဖောက်မှုမှန်သမျှအတွက် နည်းလမ်းအားလုံးနဲ့ ပိုင်နက်နယ်မြေကို ကာကွယ်ဖို့ အပြည့်အဝ ပြင်ဆင်ထား ပါတယ်” လို့ ဟွန်မာနက်က ရေးသားခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံက ပြဿနာကို အကြမ်းမဖက်နည်းလမ်းနဲ့ အဖြေရှာဖို့ သံန္နိဌာန်ချထားဆဲလို့ သူက ဆက်ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ စွပ်စွဲချက်တွေကို လက်တုံ့ပြန်ဖို့နဲ့ တိုင်းပြည်ရဲ့တရားဝင်မှုကို ကာကွယ်ဖို့ ကမ္ဘော ဒီးယားနိုင်ငံက အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မယ့် အစီအမံတွေ ပြင်ဆင်ထားတယ် လို့ ၎င်းက ဆိုပါတယ်။
ကင်းလှည့်နေတဲ့ ထိုင်းစစ်သားသုံးဉီး ဒဏ်ရာရရှိစေတဲ့ ပေါက်ကွဲမှုတစ်ခုဖြစ်စေသော အငြင်းပွား နယ်မြေမှာ ကမ္ဘောဒီးယားက မြေမြုပ်မိုင်းတွေ ။လျှို့ဝှက် ထောင်ထားတယ်လို့ ထိုင်းနိုင်ငံက စွပ်စွဲခဲ့ပါ တယ်။
ထိုင်းနိုင်ငံဟာ Mom Bei ဧရိယာမှာ မိုင်းရှင်းလင်းရေး လုပ်ဆောင်ခဲ့ကာ ကွန်ကရိလမ်းတစ်ခု တည်ဆောက်ခဲ့လို့ ကမ္ဘောဒီးယားပြည်သူတွေ အမျက်ထွက်ခဲ့ပါတယ်။
မြေမြှုပ်မိုင်းတွေ ထောင်ထားတယ်ဆိုတဲ့ ထိုင်းရဲ့စွပ်စွဲချက်ကို ကမ္ဘောဒီးယားက ပယ်ချခဲ့ပြီး စစ် ကျန်လက်နက်တွေလို့ ပြောပါတယ်။
ကိုးကား – The Phnom Penh Post
Ref; Prime Minister Hun Manet warns Thailand: Do not cross ‘Red Line’