
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၂ ရက်
အပစ်အခတ်ရပ်စဲရေးအတွက် တိုက်ရိုက် ဆွေးနွေးမှုတွေပြုလုပ်ဖို့ ယူကရိန်းက ရုရှားသို့ အဆိုပြု ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
လာမယ့်အပတ်မှာ ရုရှားနဲ့ အစည်းအဝေးသစ်တစ်ခုပြုလုပ်ဖို့ အမျိုးသား လုံခြုံရေးနှင့် ကာကွယ် ရေးကောင်စီ အတွင်းရေးမှူက အဆိုပြုခဲ့တယ်လို့ ဇီလန်စကီးက စနေနေ့မှာ လူမှုကွန်ရက်၌ ရေးသားခဲ့ ပါတယ်။
အပစ်အခတ်ရပ်စဲရေး ဖြစ်လာဖို့ အရာအားလုံး လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ တာရှည်ခံသော ငြိမ်းချမ်းရေးဖြစ်ဖို့ ခေါင်းဆောင်မှုမှာ အစည်းအဝေးပြုလုပ်ဖို့ လိုအပ်ပြီး ယူကရိန်းနိုင်ငံက အဆင်သင့်ရှိ ကြောင်း ၎င်းက ဆက်ပြောပါတယ်။
ယူကရိန်းနိုင်ငံက ဆွေးနွေးမှုတွေပြုလုပ်ဖို့ အဆိုပြုခဲ့တယ်လို့ ရုရှား စေ့စပ်ညှိနှိုင်းရေးအဖွဲ့နဲ့နီး စပ်တဲ့ သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး ရုရှားနိုင်ငံပိုင် Tass သတင်းဌာနက ဖော်ပြပါတယ်။
ရုရှားနဲ့ယူကရိန်းဟာ သုံးနှစ်ခန့်အတွင်း ပထမဆုံးအကြိမ်အဖြစ် မေလအတွင်း တိုက်ရိုက် ဆွေး နွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လအတွင်း ရုရှားနဲ့ယူကရိန်းဟာ တူရကီနိုင်ငံ၊ အီစတန်ဘူလ်မြို့မှာ ဒုတိယအကြိမ် ဆွေး နွေးမှုတွေ ပြုလုပ်ခဲ့ပြီး အကျဉ်းသားတွေ လဲလှယ်ဖို့ သဘောတူခဲ့ပါတယ်။
ယူကရိန်းနိုင်ငံက ရက် ၃၀ ထက်မနည်း ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲဖို့ ကြိုးပမ်းခဲ့ပေမယ့် ယူ ကရိန်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းရှိဒေသလေးခုမှ ယူကရိန်းတပ်ဖွဲ့တွေ အပြီးတိုင် ဆုတ်ခွာဖို့ ရုရှားက တောင်းဆိုခဲ့ပါတယ်။
ကိုးကား – NHK
Ref; Zelenskyy: Ukraine proposes to Russia new round of ceasefire talks