ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၉ ရက်

ရုရှားနဲ့စစ်ဖြစ်နေတဲ့ ယူကရိန်းသို့ ကတိပြုထားတဲ့ M1A1 Abrams တင့်ကား ၄၉ စင်းအနက် အများစုကို ပေးပို့ခဲ့တယ်လို့ သြစတြေးလျနိုင်ငံက ပြောပါတယ်။

“သြစတြေးလျအစိုးရက ယူကရိန်းနိုင်ငံအတွက် ပံ့ပိုးမှုတွေ ဆက်လက်ပြုလုပ်နေပြီး ယူကရိန်း စစ်တပ်သို့ ပထမအသုတ် M1A1 Abrams တင့်ကားတွေ ပေးပို့ခဲ့ပါတယ်” လို့ ကာကွယ်ရေးဝန်ကြီး ရစ် ချက်မာလစ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ကျန်ရှိသောတင့်ကားတွေကို လာမယ့်လတွေအတွင်း ပေးပို့သွားမယ်လို့ သိရပါတယ်။ အမေရိ ကန်နိုင်ငံထုတ် M1A1 Abrams တင့်ကားတွေ ယူကရိန်းသို့ ပေးအပ်မှုဟာ သြစတြေးလျနိုင်ငံရဲ့ ယူက ရိန်းသို့ ဒေါ်လာ သန်း ၉၈၀ ကျော် အကူအညီပေးမှု တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

ယူကရိန်းစစ်သားတွေကို လေ့ကျင့်ဖို့နဲ့ ယူကရိန်းသို့ အကူအညီပေးရာမှာ အရေးပါသော နိုင်ငံတ ကာဝင်ပေါက်တစ်ခုကို ကာကွယ်နိုင်ရေး သြဂုတ်လအတွင်း တော်ဝင်လေတပ်မှ E-7A Wedgetail လေ ယာဉ်တစ်စင်း စေလွှတ်ဖို့ သြစတြေးလျက စီစဉ်နေပါတယ်။

“ယူကရိန်းသို့ ပံ့ပိုးကူညီဖို့နဲ့ တာရှည်ခံသော ငြိမ်းချမ်းရေး ရရှိစေဖို့ သြစတြေးလျနိုင်ငံက သံန္နိဌာန်ချထားဆဲဖြစ်ပါတယ်” လို့ ရစ်ချတ်မာလစ်က ဆိုပါတယ်။

ရုရှားကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း သြစတြေးလျနိုင်ငံဟာ ယူကရိန်းသို့ စစ်လက်နက်တွေ ထောက်ပံ့ခဲ့တဲ့အပြင် ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကိုးကား – Anadolu
Ref; Australia delivers Abrams tanks to Ukraine