ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၈ ရက်

အမေရိကန်နဲ့ နေတိုးမဟာမိတ်တွေက ယူကရိန်းသို့ စစ်လက်နက်ထောက်ပံ့မှု အရှိန်မြှင့်လာလို့ ရုရှားက အနောက်နိုင်ငံတွေကို လက်ဉီးမှုရယူ တိုက်ခိုက်ဖို့ စဉ်းစားသင့်တယ်လို့ ရုရှားသမ္မတဟောင်း ဒီ မီထရီမတ်ဗီဒတ်ဗ်က ပြောပါတယ်။

“ဒီကိစ္စမှာ အနောက်နိုင်ငံရေးသမားတွေရဲ့ ထုတ်ပြန်ချက်တွေဟာ လုံးဝကို အဓိပ္ပာယ်မရှိပါဘူး” လို့ ရုရှားနိုင်ငံပိုင်မီဒီယာ TASS နဲ့ အင်တာဗျူးမှာ ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဌဖြစ်သူ ၎င်းက ပြောပါတယ်။

“ကျွန်တော်တို့ သင့်တော်သလို တုံ့ပြန်ဖို့ လိုအပ်ပါတယ်။ အင်အားပြည့် တုံ့ပြန်ရပါမယ်။ လိုအပ် ရင် လက်ဉီးမှုရယူ တိုက်ခိုက်ပါ” လို့ သူက ဆက်ပြောပါတယ်။

ရုရှားက ရက် ၅၀ အတွင်း ယူကရိန်းနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်မရရင် ရုရှားရေနံတွေ ဝယ်ယူတဲ့တိုင်းပြည်တွေအပေါ် စည်းကြပ်ခွန် ၁၀၀ ရာခိုင်နှုန်း သတ်မှတ်မယ်လို့ ဒေါ်နယ်ထရမ့်က ကြေ ညာပြီး နှစ်ရက်အကြာမှာ မတ်ဗီဒတ်ဗ်က အခုလို မှတ်ချက်ပြုတာပါ။

အမေရိကန်နိုင်ငံဟာ နေတိုးအဖွဲ့ဝင်များမှတစ်ဆင့် ယူကရိန်းသို့ ပက်ထရီးယော့ လေကြောင်း ရန်ကာကွယ်ရေးစနစ် ပေးပို့မယ်လို့ ဒေါ်နယ်ထရမ့်က ဒီသီတင်းပတ်အတွင်း ပြောကြားခဲ့ပါတယ်။

နေတိုးအဖွဲ့ရဲ့လုပ်ရပ်ဟာ ရုရှားအပေါ် အနောက်နိုင်ငံတွေရဲ့ တင်းပြည့်စစ်ပွဲ ဆင်နွှဲရာရောက် တယ်လို့ မတ်ဗီဒတ်ဗ်က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

“ဒီကနေ့ဖြစ်ပျက်နေတာက ကြားခံစစ်ပွဲတစ်ခုဖြစ်ပေမယ့် အနှစ်သာရအားဖြင့် တင်းပြည့်စစ်ပွဲ တစ်ခု ဖြစ်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

ကိုးကား – Fox News
Ref; Russia threatens West with ‘preemptive strikes’ as NATO looks to deliver Patriots ‘as quickly as possible’