ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၈ ရက်

နျူကလီးယားအစီအစဉ်နဲ့ပတ်သက်လို့ ဖိအားပေးမှု မြင့်တက်နေစဉ် အီရန်ဥသျှောင် အယာတို လာခါမေနီက အမေရိကန်နဲ့အစ္စရေးကို ထိုးနှက်တိုက်ခိုက်မယ်လို့ ထပ်မံ သတိပေးလိုက်ပါတယ်။

အီရန်ရဲ့ ကာတာနိုင်ငံရှိ အမေရိကန် လေတပ်အခြေစိုက်စခန်းကို တိုက်ခိုက်မှုဟာ အစသာဖြစ် ပြီး အမေရိကန်နဲ့ အခြားမဟာမိတ်တွေကို ပိုမိုထိခိုက်အောင် တိုက်ခိုက်သွားမယ်လို့ ၎င်းက ပြောပါ တယ်။

အနောက်နိုင်ငံတွေက နျူကလီးယား ဆွေးနွေးမှုတွေ ထပ်မံ ပြုလုပ်ဖို့ တွန်းအားပေးနေပြီး အီရန် အပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့ စဉ်းစားနေချိန်မှာ သူက အခုလို မှတ်ချက်ပြုတာပါ။

အစ္စရေးဟာ မကြာသေးမီက အီရန်ရှိ နျူကလီးယားနဲ့ စစ်ဘက်စခန်းတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့လင့်ကစား အီရန်ရဲ့ နျူကလီးယား ရည်မှန်းချက်တွေ နှစ်နှစ်ကြာအောင် ကြန့်ကြာသွားနိုင်ပေ မယ့် ဒုံးကျည်နဲ့ဒရုန်းအစီအစဉ်တွေ မပြောင်းမလဲရှိနေဆဲလို့ အမေရိကန်ထောက်လှမ်းရေးက ပြောပါ တယ်။

အီရန်နိုင်ငံဟာ တာလတ်ဒုံးကျည် အစင်း ၁၅၀၀ ဝန်းကျင်နဲ့ ပစ်စင် ၅၀ ရာခိုင်နှုန်း ပိုင်ဆိုင်ဆဲလို့ The Long War ဂျာနယ်မှ အယ်ဒီတာ ဘီလ်ရော့ဂီယိုက ပြောပါတယ်။

အီရန်နဲ့ ဆွေးနွေးဖို့ တံခါးဖွင့်ထားပေးမယ့် အလျင်စလို ဆွေးနွေးမှာမဟုတ်ဖူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။

နွေရာသီမကုန်မီ အမေရိကန်နဲ့ ဆွေးနွေးမှုမှာ တိုးတက်မှုမရှိရင် အီရန်ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်မံပြုလုပ်မယ်လို့ အနောက်နိုင်ငံတွေက ရှင်းလင်းစွာ ပြောကြားခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Khamenei warns of ‘even bigger blow’ to US and Israel if attacked again