အိန္ဒရာဇာ ကျေးရွာမှ အမျိုးသားတစ်ဦး စစ်ကောင်စီတပ်မှ ပစ်ခတ်တဲ့ ကျည်ထိမှန်ပြီး ရေတပ်စစ်ဆေးရုံကို စစ်ကောင်စီခေါ်ဆောင်သွား

ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ၊)သြဂုတ်လ ၃၀ ရက်

တနင်္သါရီတိုင်း၊ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ကံပေါက်ဒေသ၊ အိန္ဒရာဇာကျေးရွာမှ အမျိုးသား ၁ ဦး သြဂုတ်လ ၂၉ ရက် မနေ့မနက်ပိုင်းက စစ်ကောင်စီတပ်ပစ်ခတ်တဲ့ ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။

ယမန်နေ့ မနက် ၉ နာရီခန့်အချိန်မှာ စစ်ကောင်စီတပ်များသည် အိန္ဒရာဇာကျေးရွာအရှေ့ ဘက်ခြမ်းသို့စစ်ကြောင်းထိုးဝင်ရောက် လာခဲ့ကြပြီး သေနတ်နဲ့ရမ်းသမ်းပစ်ခတ်သွားရာ အသက် ၅၀ ဝန်းကျင်ခန့်ရှိသူ ဦးစောဝါးနော်ကို သေနတ်ကျည်ထိမှန်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“သူက ဥယျာဥ်ခြံထဲမှာနေတယ်။ စစ်ကောင်စီတပ်သားတွေ ကသူ့ခြံရှိတဲ့နေရာဖက်ကိုရောက်လာတာမြင်တော့ ကြောက်လို့ပြေးတာပေါ့နော်။ အဲဒီအချိန်မှာ သူ့ကို သေနတ်နဲ့လှမ်း ပစ်လိုက်တာ နှစ်ချက် ပစ်တာ ပုခုံးကို တစ်ချက်ထိသွားတယ်” လို့ ဒေသခံရွာသားတစ်ဦးက ဧရာဝတီတိုင်းမ် ကို
ပြောပါတယ်။

သေနတ်ကျည်ထိမှန် ဒဏ်ရာရရှိခဲတဲ့ အမျိုးသားကိုတော့ ကံပေါက် မောရဝတီ ရေတပ် ဆေးရုံကို အရေးပေါ် ပို့ဆောင်ထားတယ်လို့ ၎င်း ကဆက်ပြောပါတယ်။

အိန္ဒရာဇာ ကျေးရွာဟာ ကံပေါက်မှာ ခြောက်မိုင်ခန့်အကွာဝေးမှာတည်ရှိတာဖြစ်ပြီး သြဂုတ်လကစပြီး စစ်ကောင်စီတပ်သားတွေဟာ ရေဖြူမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာ အများစုကို စစ်ကြောင်းထိုးဝင်ရောက်တာတွေ ဆက်တိုက်ပြုလုပ်လာနေတယ်လို့သိရပါတယ်။

#AyeyarwaddyTimes