ဧရာဝတီတိုင်းမ်
မေ ၂၀ ရက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ကူလာသည့် ရဟတ်ယာဉ်နှစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းအဖွဲ့က ပစ်ခတ်ခဲ့ရာ တစ်စင်းပျက်ကျခဲ့ပြီး ရဟတ်ယာဉ်ပေါ်ပါသူအား လုံး မီးလောင်သေဆုံးကာလေယာဉ်မှူး မျိုးထက်အောင်ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ယနေ့ ‌‌မေ ၂၀ ရက် မွန်းလွဲ ၁ နာရီကျော်အချိန် ဗန်းမော်မြို့ စကခ ၂၁ သို့ စစ်ကူလာပို့သည့် စစ်ရဟတ် ယာဉ်နှစ်စီးကို KIA ပူးပေါင်းတပ်များက ပစ်ချခဲ့ရာ ရဟတ်ယာဉ်တစ်စီးမှာ ရွှေကူမြို့နှင့် ၁၄ မိုင်ခန့်အကွာ တောတွင်းသို့ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

“ရဟတ်ယာဉ်ထဲမှာ ဗျူဟာမှူးနဲ့အဖွဲ့ပါတယ်။ ရဟတ်ယာဉ်မှူးနဲ့အတူ အကုန်သေတယ်။ ပုံဖမ်းလို့မရတဲ့ ရုပ်အလောင်းတွေက သုံးလောင်းလောက်ရှိတယ်။ ရွှေကူမှာ အရေးပေါ် ဆင်းတဲ့ကောင်က ပန်ကာကျိုးသွားပြီးဘေးစောင်းကြီးလဲနေတယ်”ဟု စစ်ရေးသတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိ ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် ရရှိထားသည့် သတင်းအချက်အလက်များအရ ပျက်ကျခဲ့သည့်ရဟတ်ယာဉ်တွင် သေဆုံးသူများမှာ ဗိုလ်ကြီး ကျော်မြင့်ထူး၊ ဗိုလ်ကြီးချမ်းသာ၊ ဗိုလ်ကြီးမျိုးထက်အောင် နှင့် အခြား တပ်ကြပ်အဆင့်တပ်ဖွဲ့ဝင်များပါရှိကြောင်း သိရပြီး မကြာသေးခင်က ခန့်အပ်ထားသည့် ဗျူဟာမှူး ပါဝင်ကြောင်း သီးခြား အတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းလျက်ရှိသည်။

ပစ်ချ၍ ထိမှန်ခဲ့သည့် ရဟတ်ယာဉ်နေရာသို့ KIA တပ်ဖွဲ့များ ရောက်ရှိကာ မှတ်တမ်းတင်ထားသည့် ရုပ်သံဖိုင်မှာလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။

ရုပ်သံထဲတွင် မီးလောင်ပျက်စီးနေသော ရဟတ်ယာဉ်နှင့် အနီးနား သေဆုံးနေသော ရုပ်အလောင်းများ တွေ့ရပြီး လေယာဉ်မှူး ဗိုလ်ကြီး မျိုးထက်အောင် အလောင်းကို တွေ့ရသည်။

ပုံစာ-ပစ်ချ၍ ထိမှန်ခဲ့သည့် ရဟတ်ယာဉ်နေရာသို့ KIA ပူးပေါင်း တပ်ဖွဲ့များ ရောက်ရှိကာ မှတ်တမ်းတင်ထားစဉ်။
#ကချင် # ဗန်းမော် #KIA #ရဟတ်ယာဉ် #ပစ်ချပျက်စီး #လေယာဥ်မှူး #ရုပ်အလောင်းတွေ့ရှိ #Ayeyarwaddy_Times