ဧရာဝတီတိုင်းမ်
မေ ၁၉ ရက်

မေလ ၁၈ ရက်က အိန္ဒိယနိုင်ငံ၊ ဟိုက်ဒရာဘတ်မြို့တော်ရှိ အဆောက်အအုံတစ်လုံးမှာ မီးလောင် မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၇ ဦး သေဆုံးခဲ့တယ်လို့ ဒေသန္တရ တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ဝတ်ရတနာဆိုင်တစ်ခုရှိရာ သုံးထပ်အဆောက်အအုံတစ်ခုမှာ တနင်္ဂနွေနေ့မနက်ပိုင်းက မီး လောင်မှုဖြစ်ပွားခဲ့တာပါ။

“မြေညီထပ်မှာ မီးလောင်ကျွမ်းမှု စတင်ခဲ့ပြီး အထက်လွှာတွေကို ပျံ့နှံ့သွားခဲ့တာပါ။ မီးငြှိမ်းသတ် မှု၊ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို တစ်ပြိုက်နက် လုပ်ဆောင်ခဲ့ပါတယ်” လို့ မီးသတ်ဌာနဲ့ အရပ်ဘက် ကာကွယ်ရေးဌာနရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

“မီးလောင်ကျွမ်းရတဲ့ သံသယဖြစ်ဖွယ်ရာအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်” လို့ ထုတ် ပြန်ချက်က ဆိုပါတယ်။

မီးလောင်မှုမှာ သေဆုံးခဲ့ရသူတွေအတွက် စိတ်မကောင်းဖြစ်ရကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရင် ဒရာမိုဒီက ထုတ်ဖော်ပြောခဲ့ပြီး သေဆုံးသူတစ်ဉီးလျင် ဒေါ်လာ ၃၀၀၀ နဲ့ညီမျှတဲ့ ရူပီး ၂၀၀၀၀၀ စီ လျော် ကြေးပေးမယ်လို့ ကြေညာလိုက်ပါတယ်။

“မီးလောင်မှုမှာ သေဆုံးသူတွေအတွက် လွန်စွာ စိတ်မကောင်းဖြစ်ရပါတယ်။ ဒဏ်ရာရရှိသူတွေ အမြန်ဆုံး ပြန်လည်သက်သာပါစေ” လို့ ၎င်းက ထုတ်ပြန်ချက်တစ်ခုမှာ ပြောပါတယ်။

အဆောက်အအုံတည်ဆောက်ရာမှာ အရည်အသွေးမပြည့်ဝမှု၊ လူနေထူထပ်မှုနဲ့ ဘေးကင်းလုံခြုံ ရေး စည်းမျဉ်းတွေလိုက်နာမှု မရှိတာကြောင့် အိန္ဒိယနိုင်ငံမှာ မီးလောင်ကျွမ်းမှုတွေ မကြာခဏ ဖြစ်ပွား လေ့ရှိပါတယ်။

ဧပြီလအတွင်း ကိုးလ်ကတ္တားမြို့ရှိ ဟိုတယ်တစ်လုံးမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူ ၁၅ ဉီး သေဆုံးခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ရှိ လူစည်ကားရာ အ ပန်းဖြေဉယျာဉ်တစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ
၂၄ ဉီး သေဆုံးခဲ့ပါတယ်။

ကိုးကား – AFP
Ref; At least 17 killed after fire at three-storey building in India

#Ayeyarwaddy_Times