ဧရာဝတီတိုင်းမ်
မေ ၁၃ ရက်

ပုပ်ရဟန်းမင်းကြီး လီယို ၁၄ ဟာ ဗာတီကန်မြို့တော်မှာ သတင်းသမားတွေကိုပြောကြားတဲ့ သူ့ ရဲ့ပထမဆုံးမိန့်ခွန်းမှာ သတင်းထောက်တွေကို အကျဉ်းထောင်တွေကနေ လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါ တယ်။

အမှန်တရားကို ရေးသားမှုကြောင့် အကျဉ်းချခံရတဲ့ သတင်းထောက်တွေနဲ့ အတူရပ်တည်တယ် လို့ ပုပ်ရဟန်းမင်းကြီးက ပြောပြီး သတင်းသမားတွေရဲ့ဒုက္ခတွေဟာ နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအ ဝိုင်းရဲ့ အသိစိတ်ကို စိန်ခေါ်နေတယ်လို့ ဆိုပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကာကွယ်ပေးရမှာဖြစ်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရဲ့ တန်ဖိုး ရှိတဲ့လက်ဆောင်ကို ကာကွယ်ပေးရဖို့ မီဒီယာတွေက လုပ်ဆောင်ရမယ်လို့ ၎င်းက ဆိုပါတယ်။

၂၀၂၄ ခုနှစ်အတွင်း သတင်းထောက် ၃၆၁ ဉီး အကျဉ်းချခံခဲ့ရတယ်လို့ သတင်းသမားများ ကာ ကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ပြောပါတယ်။

ကမ္ဘာပေါ်မှာ မတရားမှုနဲ့ ဆင်းရဲမွဲတေမှုကို အလေးထားလာအောင် သတင်းထောက်တွေ ပါဝင် နိုင်တဲ့အခန်းကဏ္ဍလည်း ပုပ်ရဟန်းမင်းကြီးက ထောက်ပြခဲ့ပါတယ်။

ဂိုဏ်းဂဏကွဲပြားမှုတွေမှာ ပါဝင်တာထက် အမှန်တရားဖော်ထုတ်ရေး အလေးထားဖို့ ၎င်းက မီဒီ ယာတွေကို တိုက်တွန်းခဲ့ပါတယ်။

“ကျွန်တော်တို့ ဆက်ဆံရေးပြုလုပ်တဲနည်းလမ်းက အခြေခံကျကျ အရေးကြီးပါတယ်။ စစ်ဖြစ် စေမယ့် စကားလုံးတွေ၊ ဓာတ်ပုံတွေ ကျွန်တော်တို့ မဖော်ပြရဘူး” လို့ သူက ဆက်ပြောပါတယ်။

ဉာဏ်ရည်တုနည်းပညာနဲ့ပတ်သက်လို့ စိုးရိမ်မိကြောင်း ပုပ်ရဟန်းမင်းကြီးက ထုတ်ဖော်ပြောခဲ့ ပြီး မီဒီယာတွေဟာ AI ကို တာဝန်ယူမှု၊ ချင့်ချိန်နိုင်စွမ်းနဲ့ အသုံးချသင့်တယ်လို့ ဆိုပါတယ်။

“လူသားအားလုံးအကျိုးအတွက် AI ကို အသုံးချနိုင်တယ်ဆိုတာ သတင်းထောက်တွေက ဖော်ပြ သင့်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

ကိုးကား – BBC
Ref; Pope calls for journalists to be released from prison

#Ayeyarwaddy_Times