
ဧရာဝတီတိုင်းမ်
မေ ၃ ရက်
ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်တွင် လူငယ်အချို့ကို ကြိုတင်အသိပေးခြင်းမရှိပဲ စစ်မှုထမ်းရန် ဧပြီလကုန်းပိုင်းက အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။
သာပေါင်းမြို့အမှတ်(၂)ရပ်ကွက်နှင့်အမှတ်(၃)ရပ်ကွက်များမှ လူငယ်သုံးဦးကို တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက ကြိုတင်အကြောင်းကြားခြင်းမရှိပဲ စစ်မှုထမ်းရန်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
“မဲလဲမနှိုက်ရဘဲနဲ့စစ်မှုထမ်းပါတယ်ဆိုပြီး၀င်ဆွဲတာ။ အုပ်ကြီးတွေကိုယ်တိုင်ပါတယ် “ဟု သာပေါင်းမြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင်ခေါ်ဆောင်ခံရသည့်လူငယ်များကို စစ်တပ်အတွင်းတွင်စုဆောင်းထားပြီး သာပေါင်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူးများမှဥပဒေမဲ့ဖမ်းဆီးကာ စစ်မှုထမ်းခေါ်ဆောင်ခံရမည်ကို ပြည်သူများက စိုးရိမ်နေရကြောင်း သိရသည်။
စစ်ကောင်စီမှ ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ရန် တပ်ဖွဲ့ဝင်အင်အား လုံလောက်မှုမရှိတော့သည့်အတွက် ဧရာ၀တီတိုင်းအပါအ၀င် အခြားတိုင်းနှင့်ပြည်နယ် အချို့တွင် လူငယ်များကို အဓမ္မဝင်ရောက်ဖမ်းဆီးမှုများပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။
#သာပေါင်းမြို့ #လူငယ်အချို့ #ကြိုတင်
အကြောင်းကြားခြင်းမရှိပဲ #စစ်မှုထမ်းရန်အဓမ္မခေါ်ဆောင် #Ayeyarwaddy_Times