ဧရာဝတီတိုင်းမ်
ဧပြီ ၁၃ ရက်

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျောက်တော်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ ဧပြီ ၁၃ ရက် နံနက် ၉ နာရီ ၂၅ မိနစ်ခန့်တွင် စစ်ကောင်စီက ကျောက်တော်မြို့၊ ရွှေကျောင်းဘုန်း ကြီးကျောင်းကို ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဗုံးမကြဲခင် လေယာဉ်နဲ့ မြို့ပေါ်ကင်းထောက်ဝဲနေသေးတယ်။ ပြီးတော့မှ ဗုံးကြဲချတိုက်ခိုက်တာ”ဟု ကျောက်တော်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် ခြောက်လုံးခန့်ပျက်စီးသွားပြီး ဒေသခံ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရွှေကျောင်းဘုန်းကြီးကျောင်းတွင် ရှင်ပြုပွဲရှိနေပြီး ဗုံးသီးများမှာ ကျောင်းပတ်ဝန်းကျင်သို့ ကျရောက်ခဲ့၍ နေအိမ်များကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်​ကောင်စီကြဲချခဲ့သည့် ဗုံးသီး နှစ်လုံးမှာ ​ကျောက်​တော်မြို့ ကတ ၁လမ်း၊ ရွာမ ​တောင်ဘက်စုတွင် ကျ​ရောက်​ပေါက်ကွဲခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီ ၁၁ ရက်နေ့ကလည်း ပေါက်တောမြို့နယ်ရှိ အနောက်ရဲမူဆလင်ကျေးရွာကို ပေါင် ၅၀၀ ဗုံးသီးများဖြင့် ကြဲချတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီက အပစ်အခတ်ရပ်စဲသည်ဟု ထုတ်ပြန်ပြီးနောက်ပိုင်း AA ထိန်းချုပ်ထားသည့်‌နယ်မြေများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲချတိုက်ခိုက်မှုများပြု လုပ်ခဲ့သည်။

ဓါတ်ပုံ- AK Media live
ပုံစာ- ဗုံးကြဲခံရပြီး​နောက် ​ကျောက်​တော်မြို့မှ အပျက်အစီးများ
#ရခိုင် #ကျောက်တော် #စစ်ကောငီ #ဂျက်ဖိုက်တာ #ဗုံးကြဲ
#Ayeyarwaddy_Times