ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၉ ရက်
ယခုနှစ်အစောပိုင်းက ကျောင်းသားတွေနဲ့ ရဲတပ်ဖွဲ့ကြား လူအသေအပျောက်ရှိတဲ့ ထိပ်တိုက် တွေ့ဆုံမှုတွေအတွင်း လူသားမဆန်သော ရာဇဝတ်မှုတွေမှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဝန်ကြီး ချုပ်ဟောင်း ရှိတ်ခ်ဟာစီနာကို ဘင်္ဂလားဒေ့ရှ်တရားရုံးတစ်ရုံးက ဖမ်းဝရမ်းတစ်ရပ် ထုတ်လိုက်တယ်လို့ သိရပါတယ်။
ဘယ်နေရာမှာ ပုန်းအောင်းနေတယ်ဆိုတာ မသိရတဲ့ ရှိတ်ခ်ဟာစီနာကို ဘင်္ဂလားဒေ့ရှ် ရာဇဝတ် ခုံရုံးက ကြာသပတေးနေ့မှာ ဖမ်းဝရမ်း ထုတ်လိုက်တာဖြစ်ပါတယ်။
ပြည်သူ့ဝန်ထမ်း အလုပ်အကိုင်ခွဲတမ်းနဲ့ပတ်သက်လို့ ကျောင်းသားတွေဉီးဆောင်တဲ့ ဆန္ဒပြပွဲ တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမ်း ဇူလိုင်လနဲ့ ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့ပါတယ်။
၁၅ နှစ်ကြာအောင် အာဏာရယူခဲ့တဲ့ ရှိတ်ခ်ဟာစီနာရဲ့ အစိုးရအဖွဲ့ဟာ ဆန္ဒပြပွဲတွေကြောင့် ပြို လဲကာ ၎င်းကိုယ်တိုင် အိန္ဒိယသို့ ထွက်ပြေးခဲ့ရပါတယ်။
ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူ ၁၀၀၀ ကျော်ကာ ကျောင်းသားအများအပြား ပြင်းထန်စွာ ဒဏ် ရာရရှိခဲ့ပြီး အချို့က အမြင်အာရုံ ဆုံးရှုံးခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် ရာဇဝတ်ခုံရုံးက ရှိတ်ခ်ဟာစီနာရဲ့ အစိုးရအဖွဲ့မှာ ပါဝင်ခဲ့တဲ့ ဝန်ကြီးတွေအပါအ ဝင် လူပုဂ္ဂိုလ် ၄၅ ဉီးကို ဖမ်းဝရမ်း ထုတ်ခဲ့တာပါ။
အာဏာပိုင်တွေကို ဖမ်းဝရမ်းထုတ်ကာ တစ်လအတွင်း တရားရုံးကြားနာမှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။
သံသယရှိသူတွေဟာ အလွန် ဩဇာကြီးမားတာကြောင့် ၎င်းတို့ကို မဖမ်းဆီးဘဲ စုံစမ်းစစ်ဆေးမှု တစ်ခု ပြုလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ အစိုးရရှေ့နေချုပ်က ပြောပါတယ်။
ကိုးကား – NHK
Ref; Bangladeshi court issues arrest warrant for ex-leader Hasina
#Ayeyarwaddy_Times