ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၀ ရက်

ထိုင်ဝမ်နဲ့ စစ်ရေး လျို့ဝှက်ပူးပေါင်းတာ ရပ်တန့်ဖို့ တရုတ် ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဉီးက အ မေရိကန်နိုင်ငံကို သတိပေးခဲ့ပြီး ထိုင်ဝမ်ဟာ တရုတ်အတွက် မဖြတ်ကျော်ရမယ့် အနီရောင်မျဉ်းလိုင်း တစ်ခုလို့ ပြောပါတယ်။

ထိုင်ဝမ်နဲ့ စစ်ရေး လျှို့ဝှက်ပူးပေါင်းတာ၊ ထိုင်ဝမ်ကျွန်းကို လက်နက်တပ်ဆင်တာ ရပ်တန့်ဖို့ ၃ ရက်ကြာ ခရီးစဉ်အပြီး ပြန်မထွက်ခွာမီ ပေကျင်းမြို့မှာ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ် ဆူလီဗန်နဲ့ တွေ့ဆုံစဉ် ဗဟိုစစ်ကော်မရှင် ဒုတိယဉက္ကဌ ကျောင်ယူကျားက တိုက်တွန်းခဲ့ပါတယ်။

ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ ခိုင်မာသောရပ်တည်ချက်ကို ၎င်းက ထပ်လောင်း ပြောကြားခဲ့ပြီး အမေရိကန်နဲ့ထိုင်ဝမ်ကြား စစ်ရေး လျှို့ဝှက်ပူးပေါင်းမှုကို သတိပေးလိုက်ပါတယ်။

ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ တရုတ်နိုင်ငံက အမြဲ သံန္နိဌာန် ထားကြောင်း၊ ထိုင်ဝမ်ရဲ့လွတ်လပ်ရေးဟာ မီးကို ရေနဲ့ငြှိမ်းသလို ရေလက်ကြားဖြတ်ကျော် ငြိမ်းချမ်းရေး နဲ့ သဟဇာတမရှိကြောင်း သူက ဆိုပါတယ်။

ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်ဖို့နဲ့ ပြည်မနဲ့ ပြန်လည်ပေါင်းစည်းဖို့က တရုတ်ပြည်သူ့လွတ် မြောက်ရေးတပ်မတော် (PLA) ရဲ့ မစ်ရှင်နဲ့တာဝန်ဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ထိုင်ဝမ်တပ်ဖွဲ့တွေရဲ့ ရန်လိုသောလုပ်ရပ်တွေကိုလည်း အမေရိကန် အဆင့်မြင့် တာဝန်ရှိသူနဲ့ ရှားရှားပါးပါး တစ်ဉီးချင်း တွေ့ဆုံစဉ် ဗိုလ်ချုပ်ကြီး ကျောင်ယူကျားက သတိပေးခဲ့ပါတယ်။

အပြန်အလှန် လေးစားသမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုနဲ့ နှစ်ဉီးနှစ်ဘက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရာမှာ အမေရိကန်နိုင်ငံက တရုတ်နိုင်ငံနဲ့ပူးပေါင်းဖို့ မျှော်လင့်တယ်လို့ သူက ဆိုပါတယ်။

ကိုးကား – Yeni Safak
Ref; China warns US to stop military collusion with Taiwan

#Ayeyarwaddy_Times