
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၉ ရက်
အမျိုးသမီး ဆရာဝန်တစ်ဦး မုဒိမ်းကျင့်ခံရကာ သတ်ဖြတ်ခံရမှုက အမျိုးသမီးတွေအပေါ် အ ကြမ်းဖက်မှုတွေ တိုးလာတယ်ဆိုတဲ့ ပြည်သူတွေကြား အမျက်ဒေါသ ဖြစ်ပေါ်စေပြီးနောက် အိန္ဒိယဆရာ ဝန်တွေဟာ စနေနေ့က တစ်နိုင်ငံလုံးအတိုင်းအတာ ဆန္ဒပြပွဲတွေ စတင်လိုက်ပါတယ်။
ကိုးလ်ကတ္တားမြို့တော်က နိုင်ငံပိုင်ဆေးရုံတစ်ခုမှာ ယခုလ ၉ ရက်က အသက် ၃၁ နှစ်အရွယ် သွေးစွန်းနေသော အမျိုးသမီးဆရာဝန်တစ်ဉီးရဲ့အလောင်းကို တွေ့ရှိမှုကြောင့် အိန္ဒိယနိုင်ငံတစ်ဝှမ်း မြို့ ကြီးတွေမှာ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ရပါတယ်။
ဆန္ဒပြပွဲတွေကို ဆရာဝန်တွေနဲ့ ကျန်းမာရေးလုပ်သားတွေက ဉီးဆောင်ခဲ့ပေမယ့် ထောင်ပေါင်း များစွာသော သာမန်အိန္ဒိယပြည်သူတွေလည်း ဆန္ဒပြပွဲတွေမှာ ပူးပေါင်းကာ အရေးယူဖို့ တောင်းဆိုခဲ့ပါ တယ်။
ကိုးလ်ကတ္တားမြို့တော်မှာ ထောင်နဲ့ချီတဲ့ပြည်သူတွေက ဖယောင်းတိုင်ထွန်းဆုတောင်းပွဲပြုလုပ် ကာ “ဆေးကုသတဲ့လက်တွေက သွေးမစွန်းသင့်” လို့ ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ခဲ့ ပါတယ်။
အသတ်ခံရတဲ့ အမျိုးသမီးဆရာဝန်ကို သင်ကြားရေးဆေးရုံရဲ့ ခန်းမတစ်ခုမှာ တွေ့ရှိခဲ့ပြီး သူဟာ ၃၆ နာရီ အလုပ်ချိန်အတွင်း အနားယူဖို့ အဆိုပါနေရာကို သွားခဲ့တာလို့ သိရပါတယ်။
အမျိုးသမီးဆရာဝန်ဟာ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံခဲ့ရတယ်လို့ အလောင်းခွဲစိတ်မှုစစ်ဆေး ချက်က တွေ့ရှိခဲ့ပြီး ၎င်းတို့ရဲ့သမီးဟာ အုပ်စုလိုက် မုဒိမ်းကျင့်ခံခဲ့ရတာလို့ သေဆုံးသူရဲ့မိဘတွေက တ ရားရုံးသို့ပေးပို့တဲ့ အသနားခံစာတစ်ခုအတွင်း ပြောပါတယ်။
အိန္ဒိယဆေးပညာအသင်းက ဆန္ဒပြပွဲတွေ အရှိန်မြှင့်မှုနဲ့အတူ တစ်နိုင်ငံလုံးမှာ ကျန်းမာရေး စောင့်ရှောက်မှု ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။
“တရားမျှတမှုရရှိရေးတ တိုက်ပွဲမှာ တိုင်းပြည်အတွက် နားလည်မှုရှိဖို့နဲ့ ပံ့ပိုးကူညီကြဖို့ မိမိတို့ တောင်းဆိုပါတယ်” လို့ အိန္ဒိယဆေးပညာအသင်း အကြီးအကဲ အာဗွီအသောကန်က ထုတ်ပြန်ချက်တစ် ခုအတွင်း ပြောပါတယ်။
ကိုးကား – TRT World
Ref; Indian doctors call for nationwide strike over rape and murder of medic
#Ayeyarwaddy_Times