ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၁ ရက်

နေရပ်ရှောင် ပါလက်စတိုင်းမိသားစုတွေ နေထိုင်နေတဲ့ ဂါဇာမြို့တော်က စာသင်ကျောင်းတစ် ကျောင်းကို အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့ရာ လူ ၁၀၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လူအသေအပျောက်စာရင်းက ချဲ့ကားထားတာဖြစ်ပြီး သေဆုံးသူတွေထဲမှာ စစ်သွေးကြွး ၁၉ ဦး ပါဝင်တယ်လို့ အစ္စရေးနိုင်ငံက ပြောပါတယ်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကို အာရပ်တိုင်းပြည်တွေ၊ တူရကီ၊ ပြင်သစ်၊ ဗြိတိန်နဲ့ ဥရော ပသမဂ္ဂတို့က ရှုတ်ချခဲ့ပြီး ၁၀ လကြာ ဂါဇာစစ်ပွဲကို ဒေသတွင်းပဋိပက္ခတစ်ခု မဖြစ်လာအောင် မိတ်ဖက် နိုင်ငံတွေနဲ့ လက်တွဲဆောင်ရွက်နေတဲ့ အမေရိကန်နိုင်ငံက အလွန်အမင်း စိုးရိမ်မိကြောင်း ထုတ်ဖော် ပြောပါတယ်။

“အရပ်သားများစွာ သေဆုံးပြန်ပါပြီ” လို့ ဂါဇာမြို့တော်က လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက် လို့ မေးမြန်းရာမှာ ဖီးနစ်မြို့မှာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအတွင်း အမေရိကန် ဒုတိယသမ္မတ ကာ မဲလာဟားရစ်က ပြောပါတယ်။

“ဓားစာခံ သဘောတူညီချက်နဲ့ အပစ်အခတ်ရပ်စဲဖို့ ကျွန်မတို့ လိုအပ်ပါတယ်” လို့ နိုဝင်ဘာလအ တွင်းပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ သမ္မတကိုယ်စားလှယ်လောင်း ဟားရစ်က ဆိုပါ တယ်။

ဂါဇာမြို့တော်ရှိ စာသင်ကျောင်းတွေမှာ ထောင်နဲ့ချီတဲ့ နေရပ်ရှောင် ပါလက်စတိုင်းတွေ ခိုလှုံခဲ့ ပြီး ဟားမာစ်အဖွဲ့က အစ္စရေးအပေါ် စစ်ဆင်နွှဲပြီးနောက်ပိုင်း စာသင်ကျောင်းအများစုကို ပိတ်ထားခဲ့ပါ တယ်။

ပါလက်စတိုင်းစစ်သွေးကြွတွေဟာ အရပ်သားတွေကြား ပုံဖျက်ကာ စာသင်ကျောင်းတွေ၊ ဆေးရုံ တွေ၊ သတ်မှတ်ထားတဲ့ လူသားချင်းစာနာမှုဇုန်တွေထဲကနေ လှုပ်ရှားနေတယ်လို့ အစ္စရေးက ပြောပါ တယ်။

ကိုးကား – Reuters
Ref; Israeli strike kills nearly 100 in Gaza school refuge, officials say

#Ayeyarwaddy_Times