
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၁ ရက်
ကျောင်းသားတွေရဲ့ ဆန္ဒပြမှုတွေကြောင့် ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ ရာထူးမှနှုတ်ထွက်ပြီး တိုင်း ပြည်မှထွက်ပြေးခဲ့သလို ၎င်းအစိုးရအဖွဲ့ သက်တမ်းအတွင်း ခန့်အပ်ထားတဲ့ အစိုးရအရာရှိတွေကို ပိုမို ဖိ အားပေးခဲ့လို့ ဘင်္ဂလားဒေ့ရှ် တရားသူကြီးချုပ်နဲ့ ဗဟိုဘဏ်အကြီးအကဲတို့ ရာထူးမှနှုတ်ထွက်ခဲ့ပါတယ်။
ရာထူးမှမနှုတ်ထွက်ရင် ကြောက်မတ်ဖွယ်ရာ အကျိုးဆက်တွေရှိလာမယ်လို့ ကျောင်းသားတွေ က သတိပေးပြီးနောက် တရားသူကြီးချုပ် အိုဒိုင်ဒူလ်ဟတ်ဆန် ရာထူးမှနှုတ်ထွက်ခဲ့တယ်လို့ တရားရေး ဝန်ကြီးဌာန အကြံပေး အဆစ်ဖ်နာဇရူလ်က ပြောပါတယ်။
ကြားဖြတ်အစိုးရအဖွဲ့မှာ အကြံပေးတစ်ဉီးဖြစ်တဲ့ အဆစ်ဖ်နာဇရူလ်က ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ ဆန္ဒပြသူတွေကို တိုက်တွန်းခဲ့ပြီး “ပြည်သူပိုင်ပစ္စည်းတွေကို မဖျက်ဆီးပါနဲ့” လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်ဉက္ကဌ အဗ္ဗဒူလ်ရူအော့ဖ်တာလူကာက ရာထူးမှနှုတ်ထွက်ခဲ့ပေမယ့် ရာ ထူးနေရာက အရေးပါလို့ သူ့ရဲ့ နှုတ်ထွက်စာကို လက်မခံခဲ့ဘူးလို့ ဘဏ္ဍာရေးဝန်ကြီးဌာန အကြံပေး ဆာ လေဒင်အာမက်က သတင်းထောက်တွေကို ပြောပါတယ်။
ထိပ်တန်း တာဝန်ရှိသူတွေရဲ့ အကျင့်ပျက်ချစားမှုတွေကြောင့် ဗဟိုဘဏ် ဒုတိယဉက္ကဌ ၄ ဉီး ရာ ထူးမှနှုတ်ထွက်ပေးဖို့ ဘဏ်ဝန်ထမ်း ၄၀၀ ခန့်က ဆန္ဒပြခဲ့ကြပါတယ်။
ဒါကာတက္ကသိုလ်ရဲ့ ဒုတိယပါမောက္ခချုပ် မာစွပ်ကာမဲလ်လည်း ရာထူးမှနှုတ်ထွက်ခဲ့ပါတယ်။ ဒါ ကာတက္ကသိုလ်ဟာ အစိုးရရဲ့ အလုပ်အကိုင်ခန့်ထားရေး မူဝါဒကို ကန့်ကွက်ခဲ့တဲ့ ဆန္ဒပြပွဲတွေ အဓိက ဖြစ်ပွားခဲ့တဲ့နေရာပါ။
ကျောင်းသားအများစု အပါအဝင် လူ ၃၀၀ ကျော် သေဆုံးခဲ့တဲ့ လူထုဆန္ဒပြပွဲတွေကြောင့် လူဉီး ရေ သန်း ၁၇၀ ခန့်ရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၁၅ နှစ်ကြား အုပ်ချုပ်ခဲ့မှု အဆုံးသတ်ခဲ့ရတဲ့ ရှိတ်ခ်ဟာစီ နာဟာ တနင်္လာနေ့ကတည်းက နယူးဒေလီမြို့တော်မှာ ခိုလှုံနေပါတယ်။
ကိုးကား – TRT World
Ref; Bangladesh’s chief justice, central bank governor resign amid mass protests
#Ayeyarwaddy_Times