ဧရာဝတီတိုင်းမ်
သြဂုတ် ၈ ရက်

အမေရိကန်အစိုးရဟာ အရှေ့အလယ်ပိုင်းဒေသသို့ ဂျက်တိုက်လေယာဉ်တွေ၊ ဖျက်သင်္ဘောတွေ စေလွှတ်ပြီး စစ်အင်အား တိုးမြှင့်နေတယ်လို့ ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောပါတယ်။

အမေရိကန်နိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသမှာ ကာကွယ်ရေးတိုးမြှင့်ဖို့ ပင်တဂွန်က ဂျက်တိုက် လေယာဉ်တွေ၊ စစ်သင်္ဘောတွေ စေလွှတ်မယ်လို့ သူက ဆိုပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းပြည်သူတွေကို တိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ စစ် လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေကို အမေရိကန်နိုင်ငံက ပြီးခဲ့တဲ့လတွေအတွင်း အစ္စရေးနိုင်ငံသို့ ထောက်ပံ့ပြီးနောက် သူက အခုလို မှတ်ချက်ပြုတာပါ။

“ကျွန်တော်တို့ အစ္စရေးနိုင်ငံကို တတ်နိုင်သမျှ စစ်ရေးအကူအညီတွေ ပေးအပ်သွားမှာပါ” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
ဟားမာစ်အဖွဲ့ နိုင်ငံရေးခေါင်းဆောင် အစ္စမေးဟာနီယာ လုပ်ကြံသတ်ဖြတ်ခံရမှုကို အစ္စရေးအစိုး ရနဲ့ အမေရိကန်နိုင်ငံက ဖော်ဆောင်ခဲ့တာလို့ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့က ထုတ်ပြန်ချက်တစ် ခုအတွင်း ပြောပါတယ်။

အစ္စရေးအစိုးရဟာ ပြင်းထန်သော အပြစ်ပေးမှုပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ အီရန် တော်လှန် ရေးအစောင့်တပ်ဖွဲ့ခေါင်းဆောင် အယာတိုလာခါမေနီက ပြောပါတယ်။

ကိုးကား – Mehr News Agency
Ref; US to deploy additional jets, warships to West Asia

#Ayeyarwaddy_Times