ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၂ ရက်
မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းမှာ နံပါတ် ၂ ဖြစ်တဲ့ စိုးဝင်းဟာ ရှန်တုန်ပြည်နယ်မှာကျင်းပတဲ့ ဖို ရမ်တစ်ခုကိုတက်ရောက်ဖို့ တရုတ်နိုင်ငံသို့ တရားဝင် ခရီးစဉ်တစ်ခု သွားရောက်ခဲ့ပါတယ်။
ဒီခရီးစဉ်ကြောင့် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်နောက် ပိုင်း တရုတ်နိုင်ငံကို တရားဝင် လာရောက်တဲ့ အဆင့်မြင့်ဆုံး စစ်ခေါင်းဆောင်ဖြစ်စေခဲ့ပါတယ်။
မကြာသေးမီက တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ သမ္မတဟောင်း ဉီးသိန်းစိန်ရဲ့ခရီးစဉ်ဟာ အာ ဏာသိမ်းမှုနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီမှာ ဒုတိယအကြီးအကဲနဲ့ ဒုတိယဝန်ကြီးချုပ်ဖြစ်တဲ့ စိုးဝင်းကို တရုတ်နိုင်ငံသို့လာရောက်ဖို့ လမ်းကြောင်းပေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း တရုတ်နိုင်ငံဟာ စစ်ကောင်စီခန့်ဝန်ကြီးတွေကို ဖိတ်ကြားခြင်းအားဖြင့် ထုတ်ဖော်မပြောတဲ့ မူဝါဒတစ်ရပ်ကို ချမှတ်ခဲ့ပါတယ်။
သမ္မတဟောင်း ဦးသိန်းစိန်ဟာ ဇွန်လ ၂၈ ရက်မှာ သံတမန် ထိတွေ့ဆက်ဆံမှု လမ်းကြောင်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ ခရီးစဉ်တစ်ခု သွားရောက်နိုင်ခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
တရုတ်နိုင်ငံဟာ စစ်ကောင်စီခေါင်းဆောင်ပိုင်းနဲ့ ထိတွေ့ဆက်ဆံဖို့ လမ်းဖွင့်ထားပေမယ့် စစ် ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားဝင် လာရောက်ဖို့ မဖိတ်ကြားသေးပါဘူး။
မင်းအောင်လှိုင်က ကတိပြုထားတဲ့ ရွေးကောက်ပွဲကျင်းပမယ့် ခိုင်မာသောရက် မသတ်မှတ်နိုင်ပါ က သို့မဟုတ် တိုင်းပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် လက်တွေ့ကျသော အစီအမံတွေ မချမှတ်နိုင်ပါက တရုတ်နိုင်ငံကို တရားဝင် လာရောက်ဖို့ ဖိတ်ကြားမှာမဟုတ်ဖူးလို့ နောက်ထပ် သတင်း ရင်းမြစ်က ပြောပါတယ်။
ဦးသိန်းစိန်ရဲ့ ဇွန်လ ၂၈ ရက် တရုတ်ခရီးစဉ်ဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ် နှစ် ၇၀ ပြည့်အခမ်းအနား တက်ရောက်ဖို့ဖြစ်ပါတယ်။
အခမ်းအနားမှာ ဦးသိန်းစိန်ဟာ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံကာ ချစ်ကြည်ရင်း နှီးသော ဆက်ဆံရေးနဲ့ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြတယ်လို့ မြန် မာနိုင်ငံပိုင်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အာဏာလွှဲပြောင်းပေးကာ ရွေးကောက်ပွဲကျင်းပနိုင်ရေး ယာယီအစိုးရတစ်ရပ် ဖွဲ့စည်းရေး မင်း အောင်လှိုင်ကို နားချဖို့ ဝမ်ယိက ဦးသိန်းစိန်ကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာနယ်စပ်အနီး တရုတ်နိုင်ငံသားတွေကို ပါဝင်တဲ့ ကျားဖြန့်လုပ်ငန်းတွေအပေါ် စစ်ကောင်စီ က ဖြိုခွင်းနိုင်စွမ်းမရှိတဲ့အပေါ် တရုတ်က မပျော်မရွှင်ဖြစ်နေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ကိုးကား – CNA
Ref; Myanmar’s ex-president visited China, followed by its junta No 2. What’s the play?
#Ayeyarwaddy_Times