ဧရာဝတီတိုင်းမ်
ဇွန် ၂၂ ရက်

ယူကရိန်းကို လက်နက်တပ်ဆင်မယ်ဆိုရင် ကြီးမားသော အမှားအယွင်းတစ်ခု ဖြစ်လာလိမ့်မယ် လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က တောင်ကိုရီးယားနိုင်ငံကို သတိပေးလိုက်ပါတယ်။

တစ်နိုင်ငံ တိုက်ခိုက်ခံရရင် တစ်နိုင်ငံက ကူညီရမယ်ဆိုတဲ့ ရုရှားနဲ့ မြောက်ကိုရီးယားကြား သ ဘောတူညီချက်ကို လက်တုံ့ပြန်ဖို့ ယူကရိန်းသို့ စစ်လက်နက်တွေ ပေးပို့ဖို့ စဉ်းစားနေတယ်လို့ တောင်ကို ရီးယားနိုင်ငံက ပြောကြားပြီးနောက် ပူတင်က အခုလို မှတ်ချက်ပြုတာပါ။

“တောင်ကိုရီးယားက ယူကရိန်းကို စစ်လက်နက်ထောက်ပံ့ဖို့ ဆုံးဖြတ်မယ်ဆိုရင် လက်ရှိ တောင် ကိုရီးယားခေါင်းဆောင်ပိုင်း စိတ်မကျေနပ်ဖွယ်ရှိတဲ့ ဆုံးဖြတ်ချက်တွေ ရုရှားက ချမှတ်ပါလိမ့်မယ်” လို့ သူက ဗီယက်နမ်နိုင်ငံမှာ သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန်နဲ့ မဟာမိတ်တွေက ယူကရိန်းကို စစ်လက်နက်တွေ ဆက်လက် ထောက်ပံ့မယ်ဆိုပါ က ရုရှားက မြောက်ကိုရီးယားကို စစ်လက်နက်တွေ ထောက်ပံ့မယ်လို့လည်း ၎င်းက သတိပေးပါတယ်။

“ဒီစစ်လက်နက်တွေ ထောက်ပံ့တဲ့တိုင်းပြည်တွေဟာ ကျွန်တော်တို့နဲ့ စစ်ဖြစ်နေတာမဟုတ်ဖူးလို့ ယူဆကြတယ်။ ကျွန်တော်တို့အနေနဲ့ ကမ္ဘာပေါ်က အခြားတိုင်းပြည်တွေကို စစ်လက်နက်တွေ ထောက် ပံ့ပိုင်ခွင့်ရှိပါတယ်” လို့ သူက ဆိုပါတယ်။

ယူကရိန်းသို့ စစ်လက်နက်တွေ ထောက်ပံ့တဲ့ ရွေးချယ်ခွင့်တွေ စဉ်းစားကာ ရုရှားနိုင်ငံရဲ့ ဒီပြဿ နာအပေါ် ဘယ်လိုချည်းကပ်မလဲဆိုတဲ့အပေါ် ရပ်တည်ချက်က မူတည်မယ်လို့ ပူတင်ရဲ့ မှတ်ချက်စကား အပြီးမှာ တောင်ကိုရီးယား သမ္မတရုံးက ပြောပါတယ်။

ရုရှား-မြောက်ကိုရီးယား သဘောတူညီချက်ကြောင့် တောင်ကိုရီးယားနိုင်ငံက ရုရှားသံအမတ် ကြီးကို ဆင့်ခေါ်ကာ ရုရှားရဲ့ မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ချက်ချင်း ရပ်ဆိုင်းဖို့ တောင်းဆိုလိုက်ပါတယ်။

တောင်ကိုရီးယားက ယူကရိန်းသို့ လူသားချင်းစာနာမှု အကူအညီနဲ့ စစ်ဘက်ဆိုင်ရာကိရိယာ တွေ ပေးအပ်ခဲ့ပေမယ့် စစ်ဖြစ်နေတဲ့တိုင်းပြည်တွေကို စစ်လက်နက်တွေ မပေးအပ်ရတဲ့ မူဝါဒကြောင့် ယူ ကရိန်းသို့ စစ်လက်နက်တွေ ထောက်ပံ့ဖို့ ငြင်းဆန်ခဲ့ပါတယ်။

ကိုးကား – BBC
Ref; Putin warns South Korea against arming Ukraine

#Ayeyarwaddy_Times