ဧရာဝတီတိုင်းမ်
ဇွန် ၇ ရက်

ဧရာ၀တီတိုင်း၊ဟင်္သာတမြို့တွင် နေထိုင်သူတစ်ဦးအား စစ်ကောင်စီကို ဆန့်ကျင်သည့်စာများ လူမှုကွန်ယက်
(facebook)တွင် ရေးသားသည်ဟုစွပ်စွဲကာ ဇွန် ၅ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။

“ည ဘက် ၉နာရီလောက်ကြီးစစ်တပ်နဲ့ရဲတွေအင်အားအပြည့်နဲ့အိမ်ကိုဝိုင်းလာဖမ်းတာ။ facebookမှာ သူတို့ကိုဆန့်ကျင်တဲ့စာသားတွေတင်လို့တဲ့ “ဟု မြို့ခံတစ်ဦးမှ​ ဧရာ၀တီတိုင်မ်းကိုပြောသည်။

ဖမ်းဆီးခံရသူမှာဟင်္သာတမြို့၊ ကနောင်စုရပ်ကွက်တွင်နေထိုင်သည့် စောစိုးမိုးဖြစ်ပြီးည ၈နာရီ၃၀မိနစ်ခန့်တွင် စစ်ကောင်စီတပ်နှင့်ရဲများမှ နေအိမ်ကို ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရှိရသည်။

“သူတို့က တော်လှန်ရေးနဲ့ပတ်သက်တဲ့ သတင်းလေးတွေ ပြန်ပြီးရှယ်တယ်ထင်တယ်။ ဒါပေမယ့်
facebookအကောင့်ကို logချထားတဲ့ကြားက အတိ
အကျကြီးလာဖမ်းတာ လူမှုကွန်ရက်တွေကလဲ လုံခြုံမှုမရှိတော့ဘူး”ဟု ဖမ်းဆီးခံရသူ၏ မိသားစုနှင့်နီးစပ်သူတစ်ဦးကဧရာ၀တီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင်စောစိုးမိုးကိုနိုင်ငံတော်အစိုးရအား အကြည်ညိုပျက်စေရန်နှင့် အများပြည်သူအထိတ်
တလန့်ဖြစ်စေရန်အတွက် မမှန်သတင်းများအား လူမှုကွန်ရက် မှတစ်ဆင့်ဖြန့်ဝေမှုများနှင့်စွပ်စွဲပြီး ဟင်္သာတမြို့မရဲစခန်းမှအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊ ၅၀၅(က)အပြင် အိီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေများနှင့် တရားစွဲဆိုရန် ပြုလုပ်နေကြောင်းသိရသည်။

#စစ်ကောင်စီ #ဆန့်ကျင်သည့်စာများ #လူမှုကွန်ယက်တင် #ဟင်္သာတ #အမျိုးသားတစ်ဦးဖမ်းဆီးခံရ
#Ayeyarwaddy_Times