ဧရာဝတီတိုင်းမ်
(ဘီးလင်း)၊ မေ ၂၃ ရက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်းမြို့အနီးရှိ မစောတံတား ယနေ့ မေ ၂၃ ရက်၊ နံနက်အစာပိုင်းတွင် မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး တံတားတစ်ခုလုံးနီးပါးပြိုကျ ပျက်စီးခဲ့ကြာင်း သိရသည်။

ရန်ကုန်-‌ မော်လမြိုင်အဝေးပြေးလမ်းမကြီး ပေါ်ရှိ မစော တံတား မိုင်းပေါက်ကွဲချိန်တွင် ဖြတ်သန်းသွား လာနေသည့် ဆိုင်ကယ်သုံးစီးမှာ တံတားအောက်ပြုတ်ကျခဲ့ရပြီး ဆိုင်ကယ်ပေါ်ပါသူတစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရခဲ့ကြာင်း သိရသည်။

“မစောတံတား မိုင်းခွဲခံရပြီးပြိုကျသွားလို့ ပိတ်မိနေကြတယ်။ ပိတ်မိတဲ့သူတွေ အများကြီးပဲ” ဟု ခရီးသွားပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မစောတံတား မိုင်းခွဲခံရမှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ကြောင်းကိုမူ ဧရာဝတီတိုင်းမ် အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဘီးလင်းတွင် ပြီးခဲ့သည့် မေ ၁၁ ရက်နေ့ကလည်း ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီး ယခုအခါ တံတားကို အကြမ်းဖျင်းပြင်ဆင်ပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။

တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီ၏ တိုက်ပွဲများအတွက် လက်နက်ခဲယမ်း ဖြည့်တင်း နေမှုများကို ရပ်တန့်ရန်ရည်ရွယ်ပြီး ကျုံအိတ်တံတားကို မိုင်းခွဲခဲ့ခြင်းဖြစ်ကြောင်း ဆိုထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ဘီးလင်း #မစောတံတား #မိုင်းခွဲဖျက်ဆီးခံရ #လူတစ်ဦးသေဆုံး #Ayeyarwaddy_Times