ဧရာဝတီတိုင်းမ်
ဧပြီ ၂၁ ရက်
ထိုင်းစစ်တပ်နဲ့ အာဏာပိုင်တွေဟာ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် အရပ်သားတွေကို ကာ ကွယ်ပေးမယ့် ကြိုးပမ်းမှုတွေ အရှိန်မြှင့်လုပ်ဆောင်နေပြီး လူသားချင်းစာနာမှု အကူအညီတောင်းခံတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီဖို့နဲ့ ထိုင်းနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ပျံ့နှံ့လာတာကို တားဆီးဖို့ ရည် ရွယ်ပါတယ်။
စနေနေ့က မြဝတီမြို့အနီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီ တပ်ဖွဲ့တွေကို အမှတ် ၂ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအနီး မောင်းထုတ်ခဲ့သလို တိုက်ပွဲတွေကြောင့် အရပ်သား ၁၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရပါတယ်။
ဧပြီလ ၅ ရက်ကတည်းက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ဆုတ်ခွာခဲ့တဲ့ စစ် ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့်ကို ၄၀ မီလီမီတာ စက်သေနတ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက် ခိုက်ခဲ့သလို ဒရုန်းတွေနဲ့ ဗုံး ၂၀ ချခဲ့တယ်လို့ ထိုင်းရုပ်သံလွှင့်ဌာန NBT က လူမှုကွန်ရက် X မှာ ဖော်ပြပါ တယ်။
ပဋိပက္ခအရှိန်မြှင့်လာမှုကြောင့် မဲဆောက်နဲ့မြန်မာကြား နယ်စပ်ဖြတ်ကျော်ခြင်း ထိန်းချုပ်မှု တိုး မြှင့်ဖို့ နယ်စပ်လုံခြုံရေး တာဝန်ရှိတဲ့ ထိုင်းစစ်တပ်က ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တပ်ဖွဲ့ဝင် တွေနဲ့ အနီးကပ် လက်တွဲဆောင်ရွက်နေပါတယ်။
အခြေအနေကို အကဲဖြတ်ဖို့ အင်္ဂါနေ့မှာ မဲဆောက်မြို့သို့ သွားရောက်မယ်လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က စနေနေ့ညနေပိုင်းက လူမှုကွန်ရက် X မှာ ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဟာ ထိုင်းနိုင်ငံသားတွေအပေါ် စတင် သက်ရောက်လာပြီး ထိုင်းဘက်ခြမ်းရှိ နေအိမ်တစ်လုံးရဲ့တံခါးကို ကျည်ဆံတစ်တောင့် ထိမှန်ခဲ့ရာ တံခါး ပျက်စီးခဲ့ပေမယ့် မည်သူမှတော့ အန္တရာယ်မရှိခဲ့ပါဘူး။
မြန်မာစစ်တပ်က KNLA တပ်ဖွဲ့တွေကို MiG-29 ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်ပြီးနောက် မြဝတီမြို့မှ ဒေသခံ ၁၂၀၀ ကျော် ထိုင်းနိုင်ငံတွင်း ဝင်ရောက်ခဲ့တယ်လို့ အာရှဆိုင် ရာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Thailand) ရဲ့ အကြီးတန်းသုတေသီ ဆူနိုင်းဖာဆက်ခ်က လူမှု ကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။
ထိုင်းအစိုးရက မြန်မာနိုင်ငံတွင်း အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်ဆိုသော ဝန်ကြီး ချုပ် Srettha Thavisin နဲ့ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဘာဟက်ဒါနူကာရာတို့ရဲ့ ပို့စ်တွေကို တက်ကြွ လှုပ်ရှားသူတွေက မျှဝေခဲ့ကြပါတယ်။
ထိုင်းအစိုးရက နယ်စပ်တစ်လျှောက်ရှိ အကူအညီလိုအပ်သူတွေကို လူသားချင်းစာနာမှုအကူအ ညီ ဆက်ပေးမယ်လို့ Thavisin နဲ့ Parnpree က ပြောပါတယ်။
“တိုက်ပွဲတွေက ထိုင်းပိုင်နက်အပေါ် အကျိုးသက်ရောက်မှုတွေ ဖြစ်လာမှာကို ကျွန်တော် မမြင် တွေ့လိုပါဘူး။ နယ်စပ်တွေနဲ့ ပြည်သူတွေ ဘေးကင်းရေးအတွက် ကာကွယ်ဖို့ ကျွန်တော်တို့ အဆင်သင့် ရှိပါတယ်” လို့ ဝန်ကြီးချုပ် Srettha က X မှာ ရေးသားခဲ့
ပါတယ်။
ကိုးကား – Bangkok Post
Ref; Border security stepped up as Myanmar fighting rages
#Ayeyarwaddy_Times