
ဧရာဝတီတိုင်းမ်
ဧပြီ ၁၃ ရက်
အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံ ငွေကြေးလိမ်လည်မှုမှာ ပါဝင်မှုကြောင့် အိမ်ခြံမြေလုပ် ငန်းရှင် အမျိုးသမီးတစ်ဉီးကို ဗီယက်နမ်တရားရုံးတစ်ရုံးက ဧပြီလ ၁၁ ရက်မှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။
အိမ်ခြံမြေကုမ္ပဏီ Van Think Phat Holdings Group ရဲ့ ဉက္ကဌ Truong My Lan လို့ခေါ်တဲ့ အ သက် ၆၇ နှစ်အရွယ် အမျိုးသမီးဟာ ဟိုချီမင်းမြို့တော်က တရားစီရင်စစ်ဆေးမှုအပြီးမှာ ငွေကြေးအလွဲ သုံးစားမှု၊ လာဘ်ပေးလာဘ်ယူမှု၊ ဘဏ်စည်းမျဉ်းတွေ ချိုးဖောက်မှုကြောင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။
အာဏာရ ကွန်မြူနစ်ပါတီက အဂတိလိုက်စားမှုကို တိုက်ဖျက်မှုအရှိန်မြှင့်တင်နေစဉ် မတ်လ ၅ ရက်မှာ တရားစီရင်စစ်ဆေးမှု စတင်ခဲ့ပြီး စီစဉ်ထားတာထက်စောပြီး စီရင်ချက်ချမှတ်ခဲ့တာဖြစ်ပါတယ်။
အကျင့်ပျက်ချစားမှု နှိမ်နင်းရေးကြောင့် ရာနဲ့ချီတဲ့ အစိုးရ အကြီးတန်းအရာရှိတွေ၊ ပုံရိပ်မြင့် စီး ပွားရေးဆိုင်ရာ အမှုဆောင်တွေ တရားစွဲဆိုခံရ သို့မဟုတ် နှုတ်ထွက်မှုဖြစ်စေခဲ့ပါတယ်။
Truong My Lan နဲ့ ကြံရာပါတွေဟာ Saigon Joint Stock Commercial Bank (SCB) မှ ဒေါ် လာ ၁၂ ဒသမ ၅ ဘီလီယံကျော် အလွဲသုံးစားလုပ်ခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။
Truong My Lan က ဘယ်လိုစီရင်ချက်ကိုမဆို အယူခံဝင်မယ်လို့ အမိန့်မချမှတ်ခင် မိသားစုဝင် တစ်ဉီးက ပြောပါတယ်။
Truong My Lan ဟာ မိခင်ဖြစ်သူနဲ့အတူ အလှကုန်ပစ္စည်းတွေရောင်းချတဲ့ စျေးသည်အဖြစ် စ တင်ခဲ့ပေမယ့် ၁၉၈၆ ခုနှစ်မှာ ကွန်မြူနစ်ပါတီက စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ပြီးနောက် မြေ ယာနဲ့ အိမ်ခြံမြေတွေ ဝယ်ယူတာ စတင်ခဲ့ပါတယ်။
Truong My Lan ဟာ ၁၉၉၀ ပြည့်နှစ်တွေမှာ ဟိုတယ်နဲ့ စားသောက်ဆိုင်များစွာကို ပိုင်ဆိုင်ခဲ့ တယ်လို့ သိရပါတယ်။
၂၀၁၁ ခုနှစ်မှာ Truong My Lan ဟာ လုပ်ငန်းငယ်သုံးခုကို ပေါင်းစည်းခဲ့ရာ ရုန်းကန်နေရတဲ့ ဘဏ်တွေဟာ Saigon Commercial Bank ဖြစ်လာခဲ့ပါတယ်။
VTP လို့ခေါ်တဲ့ Truong My Lan ရဲ့ကုမ္ပဏီဟာ ဗီယက်နမ်နိုင်ငံရဲ့ စီးပွားရေးမြို့တော် ဟိုချီမင်း စီးတီးရှိ ဂုဏ်သိက္ခာအကြီးမားဆုံး အဆောက်အအုံအချို့ကို ပိုင်ဆိုင်ပါတယ်။
ကိုးကား – Bangkok Post
Ref; Vietnam tycoon given death for $12.5bn fraud
#Ayeyarwaddy_Times