ဧရာဝတီတိုင်းမ်
မတ် ၁၁ ရက်

ကိယက်မြို့တော်ဒေသ အပါအဝင် ယူကရိန်းနိုင်ငံတစ်ဝှမ်း ရုရှားဒရုန်း ၃၅ စင်းကို ပစ်ချခဲ့တယ်လို့ ယူက ရိန်းက ပြောကြားခဲ့ပြီး အရှေ့ပိုင်းရှိ မြို့တစ်မြို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၉ ဉီးထက်မနည်း ဒဏ်ရာရ ရှိခဲ့တယ်လို့ သိရပါတယ်။

ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ဟာ နှစ်နှစ်ကျော် ရှိလာခဲ့ပြီဖြစ်ပါတယ်။ ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ကို အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ လုပ်ဆောင်ခဲ့ပြီး ခါကတ်ဗ်နဲ့ ဒိုးနက်ခ်ဒေသတွေကို ဒုံးကျည်တွေနဲ့ ပစ် မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုတွေအတွင်း Shahed ဒရုန်း ၃၅ စင်းကို ပစ်ချခဲ့တယ်လို့ ယူကရိန်းလေတပ်ဖွဲ့က လူမှု ကွန်ရက်မှာ ပြောပါတယ်။

ရုရှားဒရုန်းတွေကို အလယ်ပိုင်းဒေသရှိ ကိယက်ဗ်၊ ဗင်နစ်ရှား၊ ချာကာဆီ၊ ဒစ်ပရိုပက်ထရိုဗစ်အပြင် တောင်ပိုင်းရှိ အိုဒစ်ဆာ၊ ခါဆင်နဲ့ မိုင်ကိုလစ်ဗ်ဒေသတွေမှာ ပစ်ချခဲ့တာလို့ ယူကရိန်းက ပြောပါတယ်။

ဒိုးနက်ခ်ဒေသရှိ Myrnograd မြို့ဟာ ရုရှားဒုံးကျည်တိုက်ခိုက်မှု ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ရုရှား က ယူကရိန်းအလယ်ပိုင်းရှိ ဒေသအချို့ကိုလည်း ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

“ရုရှားက Myrnograd မြို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ဆယ်ကျော်သက်တစ်ဉီး အပါအဝင် လူ ၉ ဉီး ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်” လို့ ဒိုးနက်ခ်ဒေသ အကြီးအကဲ Vadym Filashkin က လူမှုကွန်ရက်မှာ ပြောပါ တယ်။

ရုရှားရဲ့ တိုက်ခိုက်ခံရမှုကြောင့် ပျက်စီးနေတဲ့ကားတွေ၊ အပျက်အစီးတွေနဲ့အတူ အထပ်မြင့် လူနေအ ဆောက်အအုံတစ်လုံးရဲ့ ဓာတ်ပုံတွေကို ယူကရိန်း တာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့ပါတယ်။

ခါကတ်ဗ်မြို့ရဲ့မြောက်ဘက် ရုရှားနယ်စပ်အနီး Bogodukhiv မြို့မှာ ရုရှားရဲ့ လက်နက်ကြီးပစ်ခတ်မှု ကြောင့် အပန်းဖြေစခန်းတစ်ခု မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသန္တရ အုပ်ချုပ်ရေးမှူး Oleg Synegubov က ပြောပါ တယ်။

ကိုးကား – AFP
Ref; Kyiv air force says downed 35 Russian drones across Ukraine overnight

#Ayeyarwaddy_Times