
ဧရာဝတီတိုင်းမ်
မတ် ၉ ရက်
ဆွီဒင်နိုင်ငံဟာ ၃၂ ခုမြောက် နေတိုးအဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။ ဆွီဒင်ဝန်ကြီးချုပ် ခရစ္စတာဆင်ဟာ ကြာသပတေးနေ့က နေတိုးအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုလွှာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနထံ အပ်နှံခဲ့ ပါတယ်။
နေတိုးမဟာမိတ်အဖွဲ့ဟာ ကျူးကျော်တိုက်ခိုက်မှုကြောင့် အားကောင်းလာခဲ့ပြီး ပြည်သူတွေကို ပိုပြီး ကာကွယ်ပေးနိုင်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောပါတယ်။
နေတိုးအဖွဲ့ဝင်သို့ ဝင်ရောက်တာဟာ လွတ်လပ်ရေးအောင်ပွဲတစ်ခု ဖြစ်တယ်လို့ ဆွီဒင်ဝန်ကြီးချုပ် ခရစ္စတာဆင်က ပြောပါတယ်။ ဆွီဒင်နိုင်ငံဟာ နေတိုးအဖွဲ့သို့ပူးပေါင်းဖို့ လွတ်လပ်သော၊ ဒီမိုကရေစီဆန်သော၊ အ ချုပ်အချာအာဏာရှိသော၊ ညီညွတ်သော ရွေးချယ်မှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက် ဆွီဒင်နိုင်ငံဟာ နှစ်နှစ်ကျော်ကြာ ကြားနေဝါဒ ကျင့်သုံးမှုကို စွန့်လွှတ်ခဲ့ပါတယ်။ ဆွီဒင်နိုင်ငံက နေတိုးအဖွဲ့သို့ပူးပေါင်းဖို့ ဆုံးဖြတ်ချက်ချပြီးနောက် ခေါင်းဆောင် တွေဟာ သံခင်းတမန်ခင်းအချို့ လုပ်ဆောင်ခဲ့ရပါတယ်။
အကြမ်းဖက်သမားလို့ သတ်မှတ်ထားတဲ့ ကာဒစ်အဖွဲ့ကို ဆွီဒင်နိုင်ငံက ထောက်ခံအားပေးတယ်လို့ဆိုပြီး ဆွီဒင်နိုင်ငံရဲ့ နေတိုးအဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားမှုကို တူရကီနိုင်ငံက အစောပိုင်းမှာ ကန့်ကွက်ခဲ့ပါတယ်။
ရုရှားနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ ဟန်ဂေရီနိုင်ငံကလည်း ဆွီဒင်ရဲ့ နေတိုးအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုကို ကန့်ကွက်ခဲ့ပါတယ်။ ဆွီဒင်ဂျက်တိုက်လေယာဉ်တွေ စတင်အသုံးပြုဖို့ သဘောတူညီမှုရရှိပြီးနောက် ဟန်ဂေရီဟာ သဘောတူညီမှုကို အတည်ပြုတဲ့ နောက်ဆုံးတိုင်းပြည် ဖြစ်လာခဲ့ပါတယ်။
လာမယ့် တနင်္လာနေ့ဆိုရင် နေတိုးအဖွဲ့ဌာနချုပ်မှာ ဆွီဒင်အလံ လွှင့်ထူတာကို နေတိုး တာဝန်ရှိသူတွေက မြင်တွေ့ရမှာဖြစ်ပါတယ်။
နေတိုးအဖွဲ့သို့ ဝင်ရောက်ခွင့်ပြုလိုက်တာဟာ ဆွီဒင်နိုင်ငံကို ပိုပြီး လုံခြုံစေမယ်လို့ နေတိုးအဖွဲ့ အတွင်း ရေးမှူးချုပ် ဂျန်းစတိုတန်ဘတ်ဂ်က ပြောပါတယ်။
ကိုးကား – NHK
Ref; NATO welcomes Sweden as 32nd member