
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၉ ရက်
အမေရိကန်နဲ့ ကမ္ဘောဒီးယား တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက် လှမ်းရေး ကြိုးပမ်းမှုတစ်ခုအဖြစ် မြန်မာ့အရေး အဖြေရှာမယ့်နည်းလမ်းကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မီလစ်ဆာဘရောင်းဟာ ဒီဇင် ဘာလ ၁၄ ရက်က ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ချန်ဒါဆိုဖီယာနဲ့ တွေ့ဆုံပြီး ဒေသတွင်းနဲ့ နိုင်ငံတကာရေး ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။
“ဆွေးနွေးမှုတွေထဲမှာ မြန်မာ့အရေးလိုမျိုး အကြောင်းအရာတွေ၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း ပြန်လျှောက်လှမ်းရေးနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ အာဆီယံအဖွဲ့နဲ့ အပြုသဘောဆောင်တဲ့နည်းလမ်းနဲ့ ဘယ် လိုလက်တွဲဆောင်ရွက်နိုင်တယ်ဆိုတဲ့ ကိစ္စရပ်တွေ ပါဝင်ခဲ့ပါတယ်” လို့ ဖနောင်ပင်မြို့တော်ရှိ အမေရိကန်သံရုံးက စီစဉ်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက သတင်းထောက်တွေကို ပြောပါတယ်။
မြန်မာ့အရေးဟာ အလွန် ရှုပ်ထွေးတာကြောင့် ဖြေရှင်းဖို့ တိုင်းပြည်နဲ့ အဖွဲ့အစည်းအသီးသီး လိုအပ်တယ် လို့ မီလစ်ဆာဘရောင်းက ဆိုပါတယ်။
“မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆိုက်ဘာရာဇဝတ်မှုနဲ့ လူမှောင်ခိုကူးမှုတွေလိုမျိုး စိုးရိမ်စရာကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ကျွန်မတို့ သတင်းအချက်အလက်တွေ မျှဝေနိုင်ပါတယ်” လို့ သူက ပြောပါတယ်။
နိုင်ငံခြားသားတွေ၊ အာဆီယံနိုင်ငံများမှ ပြည်သူတွေ အပါအဝင် အရပ်သားတွေ အိုးအိမ်စွန့်ခွာရမှု ဖြစ်စေ ခဲ့တဲ့ မြန်မာနိုင်ငံမှာ အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မကြာသေးမီက ပဋိပက္ခတွေ အရှိန်မြှင့်လာတာနဲ့ ပတ်သက်လို့ အလွန်အမင်း စိုးရိမ်မိကြောင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက နိုဝင်ဘာလ ၂၄ ရက်က ထုတ် ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။
“မြန်မာပဋိပက္ခအတွင်း ပိတ်မိနေတဲ့ အာဆီယံနိုင်ငံတွေမှ နိုင်ငံသားတွေ အန္တရာယ်ကင်းစွာ နေရပ်ပြန်ပို့ဖို့ တောင်းဆိုပါတယ်။ စိတ်ရှည်သည်းခံမှု ကျင့်သုံးဖို့၊ အကြမ်းဖက်မှုပုံစံအားလုံး ချက်ချင်း အဆုံးသတ်ဖို့၊ နိုင်ငံတကာ လူသားချင်းစာနာမှုဉပဒေကို လိုက်နာဖို့နဲ့ အရပ်သားတွေကို ကာကွယ်ပေးမယ့် လိုအပ်သော အစီအမံတွေကို လုပ် ဆောင်ဖို့ ကျွန်မတို့ တိုက်တွန်းပါတယ်” လို့ ဘရောင်းက ပြောပါတယ်။
ကိုးကား – The Phnom Penh Post
Ref; US, Kingdom discuss Myanmar