ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁ ရက်

အီရန်နိုင်ငံက ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီသူပုန်အဖွဲ့ ထိန်းချုပ်ထားရာ ယီမင်နိုင်ငံရှိ ဒေသ တစ်ခုမှ လွှတ်တင်လိုက်တဲ့ မောင်းသူမဲ့လေယာဉ်တစ်စင်းကို အမေရိကန်ရေတပ်မှ စစ်သင်္ဘောတစ်စင်းက နိုဝင် ဘာလ ၂၉ ရက်မှာ ပစ်ချခဲ့တယ်လို့ အမေရိကန်ဗဟိုစစ်ဌာနချုပ်က ပြောပါတယ်။

ယီမင်နိုင်ငံရှိ ဒေသအများစုကို ထိန်းချုပ်ထားပြီး အစ္စရေးနိုင်ငံအပေါ် တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ ဟူ သီအဖွဲ့ဟာ ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ အစ္စရေး-ဟားမာစ်စစ်ပွဲ စတင်ပြီးနောက်ပိုင်း ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှု တွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်ဖျက်သင်္ဘော USS Carney ဟာ ပင်လယ်နီအတွင်း ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့ထိန်းချုပ်ထားရာ နယ်မြေတွေကနေ လွှတ်တင်လိုက်တဲ့ အီရန်နိုင်ငံထုတ် KAS04 ဒရုန်းတစ်စင်းကို ပစ်ချခဲ့ပါတယ်” လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်က သတင်းထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

“ဒရုန်းရဲ့ ရည်ရွယ်ချက်တွေကို မသိရပေမယ့် အမေရိကန်စစ်သင်္ဘောဆီကို ဉီးတည်လာပါတယ်။ အမေရိ ကန်စစ်သင်္ဘောဟာ အမေရိကန်ရေတပ်ရဲ့ ရေနံတင်သင်္ဘောတစ်စင်းနဲ့ စစ်လက်နက်တွေ တင်ဆောင်လာတဲ့ သင်္ဘောတစ်စင်းကို စောင့်ကြပ်လိုက်ပါလာတာဖြစ်ပါတယ်။ အမေရိကန်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာ၊ စစ် သင်္ဘောတွေ ထိခိုက်တာ မရှိပါဘူး” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အမေရိကန်ရေတပ်ဟာ အောက်တိုဘာလ ၁၉ ရက်မှ နိုဝင်ဘာလ ၂၃ ရက်အတွင်း ယီမင်နိုင်ငံကနေ ဟူ သီအဖွဲ့ လွှတ်တင်လိုက်တဲ့ ဒရုန်းအမြောက်အများကို ပစ်ချခဲ့သလို ဟူသီအဖွဲ့ကလည်း ဒီလအစောပိုင်းမှာ အမေရိ ကန်ဒရုန်းတစ်စင်းကို ပစ်ချခဲ့ပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမာစ်ကြား စစ်ပွဲမှာ ဒရုန်းနဲ့ဒုံးကျည်တွေ လွှတ်တင်တာ၊ ပစ်ချတာတေွ မကြာခဏ ဖြစ်နေပါတယ်။

ကိုးကား – The Defense Post
Ref; US Warship Shoots Down Drone Launched by Houthis From Yemen

#Ayeyarwaddy_Times