
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၀ ရက်
ဧရာဝတီတိုင်း၊ အိမ်မဲမြို့တွင် အောက်တိန်း ၉၂ တစ်လီတာ ၃၀၀၀ ကျပ် နီးပါအထိစျေးတတ်လာသဖြင့် ဆိုင်ကယ်စီးသူများနှင့် အိမ်တွင်းစက်မှုလုပ်ငန်း လုပ်ကိုင်သူများအတွက် အခက်အခဲများရှိလာကြောင်း မြို့ခံများထံမှသိရသည်။
ပန်းတနော်မြို့နယ်တွင် စက်သုံးဆီပြတ်လတ်မှုဖြစ်ပြီးနောက် အိမ်မဲမြို့တွင် စက်သုံးဆီစျေးများထိုးတတ်လာကာ နိုဝင်ဘာ ၂၀ ရက်နေ့အထိ စျေးပြန်ကျခြင်းမျိုးမရှိသေးကြောင်း ဒေသခံများထံမှသိရသည်။
“ဒီမှာတော့ ဆီပြတ်တာမရှိဘူး ဒါပေမဲ့ စျေးကတော့ တတ်လာတယ်။ အခု ၉၂ တစ်လီတာ ကို ၂၇၀၀ အထိ စျေးတတ်သွားတယ် အရင်က ၂၂၀၀ ပဲရှိတာ မီးကလည်းမမှန်တော့ မီးစက်အသုံးပြုနေရတယ် ။ ဆီစျေးတတ်လာတော့ အခု အလုပ်လာအပ်ရင်တောင် ဆီစျေးပါပေါင်းယူနေရတယ် “ဟု အိမ်မဲမြို့နယ်မှ စက်မှုလုပ်ငန်းလုပ်ကိုင်နေသူ အမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
အိမ်မဲမြို့တွင် ဓာတ်ဆီကားများနေ့စဥ်ဝင်ရောက်နေသော်လည်း ဆီစျေးမှ ကျလာခြင်မျိုး မရှိပဲ တဖြည်းဖြည်းတတ်လာသဖြင့် ဆိုင်ကယ်နှင့်အငှားကားများ ငှါးရာတွင်လည်း စျေးများတတ်လာကြောင်း မြို့ခံများထံမှသိရသည်။
“အရင်က ဆီစျေးမတတ်ခင်မှာ ဆိုင်ကယ်ကယ်ရီငှားရင်တောင် ခုနစ်မိုင်လောက်မောင်းရတဲ့နေရာကို ၃၀၀၀ လောက်နဲ့လိုက်နိုင်တယ် ။ အခုကျတော့ ဒီလိုနေရာတွေဆို၄၅၀၀ လောက်မှမရရင်လိုက်ဖို့မလွယ်တော့ဘူး ။ ကားတွေဆိုလည်း ဒီလိုပဲ ကျန်းမာရေးကိစ္စရှိလို့သွားရမယ်ဆို ရန်ကုန်ပဲဖြစ်ဖြစ်ပုသိမ်ပဲဖြစ်ဖြစ်ကားခနဲ့တင်မလွယ်တော့ဘူး “ဟု အိမ်မဲမြို့ခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
အိမ်မဲမြို့တွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ၂၇၀၀ ကျပ် နှင့် ၉၅ တစ်လီတာလျှင် ၂၈၆၀ ကျပ်အထိ စျေးတတ်လာပြီး ဓာတ်ဆီစျေးများတတ်လာမှုကြောင့် ဒေသတွင်းခရီးသွားလာမှုနှင့်ကုန်စည်ပို့ဆောင်မှုများတွင် စျေးအနည်းငယ်တက်လာကြောင်း ဒေသခံများထံမှသိရသည်။
#အိမ်မဲမြို့တွင် #အောက်တိန်း #၉၂တစ်လီတာလျှင် ၃၀၀၀ ကျပ်နီးပါးအထိ စျေးတတ်
#Ayeyarwaddy_Times