ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၈ ရက်

မြန်မာ အာဏာသိမ်းမှုဆန့်ကျင်ရေးအဖွဲ့တွေရဲ့ မြန်မြန်ဆန်ဆန် ထိုးစစ်ဆင်မှုကြောင့် တော်လှန်ရေးတပ် ဖွဲ့ဝင်တွေဟာ မကြာသေးမီက အိန္ဒိယနယ်စပ်အနီးရှိ အရေးပါတဲ့ မြို့တွေ၊ ဒေသတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အိန္ဒိယနယ်စပ်အနီး မြန်မာစစ်တပ်နဲ့ စစ်အာဏာရှင်တော်လှန်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေနဲ့ပတ်သက် လို့ အလွန်အမင်း စိုးရိမ်မိတယ်လို့ အိန္ဒိယနိုင်ငံက နိုဝင်ဘာလ ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

“အိန္ဒိယနယ်စပ်အနီးမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ အလွန်ကို စိုးရိမ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ပတ်သက်လို့ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က အလွန်ကို ရှင်းပါတယ်။ ကျွန်တော်တို့ အကြမ်းဖက်မှုတွေ ရပ်စဲပြီး အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် မြန်မာ့အရေးကို ဖြေရှင်းစေလိုပါတယ်” လို့ အိန္ဒိယ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ အရင်ဒမ်ဘတ်ချီက သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။

မြန်မာနိုင်ငံက တိုက်ပွဲတွေကြောင့် တင်းမာမှုတွေ ပျံ့နှံ့လာပြီး အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းကို ဒုက္ခ သည်တွေ အစုလိုက်အပြုံလိုက် ဝင်ရောက်လာခဲ့ပါတယ်။

မြန်မာနိုင်ငံက တိုက်ပွဲတွေကြောင့် အရပ်သား ၅၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ ကုလသမဂ္ဂရဲ့ ပြောကြားချက်အရ သိရပါတယ်။

မြန်မာနိုင်ငံသားတွေ အိန္ဒိယနိုင်ငံဘက်ကို ဝင်ရောက်လာတာရှိခဲ့တဲ့အကြောင်း ဘတ်ချီက ပြောကြားခဲ့ တယ်လို့ PTI သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ ဒီမိုကရေစီ ပြန်လည်ရရှိဖို့ အိန္ဒိယနိုင်ငံက တောင်းဆိုတယ်လို့ လည်း သူက ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွင်း ပဋိပက္ခတွေ စတင်ပြီးနောက်ပိုင်း မြန်မာနိုင်ငံသားအများအပြား အိန္ဒိယနိုင်ငံဘက်မှာ ခိုလှုံခဲ့ရပါတယ်။ ဒေသန္တရ အာဏာပိုင်တွေက လူသားချင်းစာနာမှုကို အခြေခံပြီး အခြေအနေ ကို ကိုင်တွယ်ဖြေရှင်းနေပါတယ်” လို့ သူက ဆိုပါတယ်။

ကိုးကား – The Hindustan Times
Ref; ‘Deeply concerned’: India on clashes in Myanmar close to its border

#Ayeyarwaddy_Times