
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၇ ရက်
ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံမှာ ပဋိပက္ခကျယ်ပြန့်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အလွန်အမင်း စိုးရိမ်တယ်လို့ ပြောပါတယ်။
အဖွဲ့အစည်းအားလုံးက အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဉပဒေကို လိုက်နာဖို့နဲ့ အရပ်သားတွေကို ကာကွယ်ပေးရေး အစွမ်းကုန်လုပ်ဆောင်ကြဖို့ သူက တောင်းဆိုပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံမှာ အိုးအိမ်စွန့်ခွာရသူ အရေအတွက်ဟာ ၂ သန်း ကျော် ရှိလာပြီလို့ သိရပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ နဲ့အညီ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး အာဆီ ယံအဖွဲ့၊ ဒေသတွင်းနဲ့ နိုင်ငံတကာမိတ်ဖက်တွေနဲ့ လက်တွဲဆောင်ရွက်ဖို့ အန်တိုနီယိုဂူတာရက်စ်က သံန္နှိဌာန်ချ ထားဆဲဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဉပဒေနဲ့အညီ အရပ်သားတွေကို ကာကွယ်ပေးသင့်ပြီး လူ့အခွင့် အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေက တာဝန်ခံရမယ်လို့ သူက ပြောပါတယ်။
အရေးပေါ် လူသားချင်းစာနာမှု အကူအညီနဲ့ မရှိမဖြစ် ဝန်ဆောင်မှုလုပ်ငန်းတွေ နည်းလမ်းအားလုံးမှတစ် ဆင့် အဟန့်အတားမရှိ ပေးအပ်ခွင့်ပြုရေး သူက တောင်းဆိုလိုက်ပါတယ်။
ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ မိတ်ဖက်အဖွဲ့တွေ ဘေးအန္တရာယ်ကင်းရေးနဲ့ လုံခြုံရေးဟာ အရေးကြီး တယ်လို့ သူက ဆိုပါတယ်။
အားလုံးပါဝင်သော၊ ငြိမ်းချမ်းသော အနာဂတ်အတွက် မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ မျှော်မှန်းချက်တွေနဲ့ အတူ စည်းလုံးညီညွတ်မှုရှိတယ်လို့ အန်တိုနီယိုဂူတာရက်စ်က ပြောပါတယ်။
ကိုးကား – https://press.un.org/en
Ref; Secretary-General Deeply Concerned by Expansion of Conflict in Myanmar, Calls on All Parties to Protect Civilians